ဘရာဇီးရဲတပ်ဖွဲ့

May 27, 2020

ရီယိုဒီဂျနေယိုးအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဘရာဇီးရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဘရာဇီးရဲတပ်ဖွဲ့ဟာ အကျင့်ပျက်ခြစားမှု စုံစမ်းရေးတာဝန်နဲ့  ရီယိုဒီဂျနေယိုးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်တွေကို မနေ့က  ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။   ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို  သုံးစွဲတာ အပါအဝင်  ခြစားမှုကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပြပေမယ့် ကျူးလွန်သူတွေ ဘယ်သူဆိုတာ မပြောခဲ့ပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေဖမ်းဆီးမှု ၁၂ ခုကို လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ကိုဗစ်-၁၉ လူနာတွေကို  ကုသပေးဖို့ ဖွင့်လှစ်ထားတဲ့  ဆေးရုံနဲ့ပတ်သက်လို့ မူမမှန်တာတွေကို  စုံစမ်းတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။  ဘရာဇီးရဲတပ်ဖွဲ့ဟာ ရီယိုဒီဂျနေယိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလ်ဆင်ဝစ်ဇယ်ရဲ့ အစိုးရ  နေအိမ်နဲ့ ကိုယ်ပိုင်နေအိမ်တွေကို စီးနင်းခဲ့တာပါ။ ဒီလို ရှာဖွေမိန့် ဝရမ်းကို ဘရာဇီးရဲ့ ဒုတိယအကြီးဆုံး တရားရုံးက ထုတ်ပေးခဲ့ပြီး ဖမ်းဆီးခွင့် ဝရမ်းကိုတော့ မထုတ်ပေးခဲ့ဘူးလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလ်ဆင်ဝစ်ဇယ်က သူဟာ အမှားလုပ်မထားဘူးလို့ ငြင်းဆိုထားပါတယ်။ ကွန်ဂရက်မှာရှိတဲ့ ဘော်ဆိုနာရို မဟာမိတ်တွေက မကြာခင် သူ့ကို ပစ်မှတ်ထားတဲ့ ရှာဖွေရေးလုပ်မယ်ဆိုတာ  လူသိထင်ရှား ပြောဆိုခဲ့တာကို ထောက်ပြပြီး သမ္မတ ဘော်ဆိုနာရိုဟာ ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်တာတွေကို  စွက်ဖက်တယ်လို့  ပြည်နယ် အုပ်ချုပ်ရေးမှူး ဝစ်ဇယ်က စွပ်စွဲခဲ့ပါတယ်။
2 years Ago

August 31, 2019

အမေဇုန်တောအတွင်း ဘရာဇီးရဲတပ်ဖွဲ့နှင့် သစ်ခုတ်သူများ ပစ်ခတ်မှုဖြစ်

စံချိန်တင် မီးလောင်နေတဲ့ အမေဇုန်တောအတွင်း  သြဂုတ် ၃၀ ရက်နေ့က ဘရာဇီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ သစ်ခုတ်သူတွေ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ မရှိသလို ဖမ်းဆီးခံရသူလည်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အီဘာမာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတပ်ဖွဲ့ဟာ အဲဒီနေရာကို ဝင်ရောက်ဖို့ မဖြစ်နိုင်တာမို့ သစ်ခိုးထုတ်သူတွေရဲ့ မြေတူးယာဉ်တစီးကို အသုံးပြုမရအောင် ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တယောက်က    ပြောပါတယ်။  ဘရာဇီးအစိုးရ  သတင်းအချက်အလက်အရ  ဒီနှစ်အတွင်း အမေဇုန်တောထဲမှာ   တရားမဝင် သစ်ထုတ်၊ လယ်ယာလုပ်ကိုင်ပြိး သတ္တုတူးဖော်နေတဲ့ ဧရိယာဟာ စတုရန်းမိုင်ပေါင်း ၄၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။  အမေဇုန်တောအတွင်း လယ်ယာလုပ်ငန်းနဲ့ သစ်ထုတ်လုပ်ရေးလုပ်ကိုင်ဖို့ သမ္မတ ဘော်ဆိုနာရို လမ်းဖွင့်ပေးတာဟာ ရှို့မီးတွေဖြစ်စေဖို့ တွန်းအားပေးတာပဲလို့ ဝေဖန်သူတွေက  ဆိုကြပါတယ်။   ဘရာဇီး အမေဇုန်တောအတွင်း လောင်နေတဲ့ တောမီးဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ပေးတဲ့ မဟာတံတိုင်းကြီးကို ဖျက်ဆီးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမဇုန္ေတာအတြင္း  ဘရာဇီးရဲတပ္ဖြဲ႕ႏွင့္ သစ္ခုတ္သူမ်ား ပစ္ခတ္မႈျဖစ္ စံခ်ိန္တင္ မီးေလာင္ေနတဲ့ အေမဇုန္ေတာအတြင္း  ၾသဂုတ္ ၃၀ ရက္ေန႔က ဘရာဇီး ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ သစ္ခုတ္သူေတြ ေသနတ္ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီး ဒဏ္ရာရသူ မရွိသလို ဖမ္းဆီးခံရသူလည္း မရွိဘူးလို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ အီဘာမာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးတပ္ဖြဲ႕ဟာ အဲဒီေနရာကို ဝင္ေရာက္ဖို႔ မျဖစ္ႏိုင္တာမို႔ သစ္ခိုးထုတ္သူေတြရဲ႕ ေျမတူးယာဥ္တစီးကို အသုံးျပဳမရေအာင္ ဖ်က္ဆီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ဝင္တေယာက္က    ေျပာပါတယ္။ ဘရာဇီးအစိုးရ  သတင္းအခ်က္အလက္အရ  ဒီႏွစ္အတြင္း အေမဇုန္ေတာထဲမွာ   တရားမဝင္ သစ္ထုတ္၊ လယ္ယာလုပ္ကိုင္ၿပိး သတၱဳတူးေဖာ္ေနတဲ့ ဧရိယာဟာ စတုရန္းမိုင္ေပါင္း ၄၆၀၀ ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။ အေမဇုန္ေတာအတြင္း လယ္ယာလုပ္ငန္းနဲ႔ သစ္ထုတ္လုပ္ေရးလုပ္ကိုင္ဖို႔ သမၼတ ေဘာ္ဆိုနာ႐ို လမ္းဖြင့္ေပးတာဟာ ရႈိ႕မီးေတြျဖစ္ေစဖို႔ တြန္းအားေပးတာပဲလို႔ ေဝဖန္သူေတြက  ဆိုၾကပါတယ္။ ဘရာဇီး အေမဇုန္ေတာအတြင္း ေလာင္ေနတဲ့ ေတာမီးဟာ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈကို ကာကြယ္ေပးတဲ့ မဟာတံတိုင္းႀကီးကို ဖ်က္ဆီးေနတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up