ဘရာဇီးတွင် နေအိမ်ခြံဝင်းအတွင်းရှိ ရေကူးကန်ထဲ လေယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

October 11, 2017

ဘရာဇီးတွင် နေအိမ်ခြံဝင်းအတွင်းရှိ ရေကူးကန်ထဲ လေယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

ဘရာဇီးနိုင်ငံ ဆောဂျိုးစ်ဒိုရီယိုပရီတိုမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က အိမ်တအိမ်ရဲ့ ခြံဝင်းအနောက်ဘက်ရှိ ရေကူးကန်ထဲ လေယာဉ်တစီး ပျက်ကျပြီး လေယာဉ်ပေါ်ပါ လူ ၃ ဦးစလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။ ရီယိုပရီတိုမြို့တော်ခန်းမက ဖြန့်ချိခဲ့တဲ့ ရုပ်သံထဲမှာ အိမ်အနောက်ဘက်က ရေကူးကန်အတွင်း အပေါ့စားလေယာဉ်ရဲ့ အတောင်ပံဝင်ပြီး ပျက်စီးနေပုံကို တွေ့ရပြီး ဒီလေယာဉ်ဟာ ပရော်ဖက်ဆာ အီရစ်ဘယ်တိုမာနိုရယ်ရီနို လေဆိပ်မှ ပေ ၉၈၀ အကွာမှာ ပျက်ကျခဲ့တာလို့ ပြည်တွင်းသတင်းဌာနတွေက ဆိုပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည် ၃ ဦးစလုံး သေဆုံးပြီး မြေပြင်ပေါ်က ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် လေယာဉ်ပျက်ကျတယ်ဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up