ဘရာဇီးတွင် ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စပိန်ခရီးသွားတဦး သေဆုံး

October 24, 2017

ဘရာဇီးတွင် ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စပိန်ခရီးသွားတဦး သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ဆင်ခြေဖုံးမှာ အောက်တိုဘာ ၂၃ ရက်နေ့က ရဲက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် စပိန်ခရီးသွားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီခရီးသွားဟာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမစီးလာတဲ့ကားက ရဲတွေပိတ်ထားတဲ့ အတားအဆီးကို ဝင်တိုက်ခဲ့တာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။ အဲဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ရီယိုပြည်နယ် လုံခြုံရေးအကြီးအကဲက ပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရိုစင်ဟာဆင်ခြေဖုံးနေရာဟာ မူးယစ်ဆေးဝါး အရောင်းအဝယ် ထိန်းချုပ်ဖို့ ကြိုးစားကြတဲ့ ရာဇဝတ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုတွေ တလကြာ ဖြစ်ပွားနေတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရဲတွေအကြား ပစ်ခတ်မှုတွေဟာ နေ့စဉ်နီးပါး ဖြစ်ပွားနေတာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up