ဘရာဇီးတွင် ကားအစီး ၃၀ ကျော် ဆင့်တိုက်၊ အနည်းဆုံး လူ ၂ ဦး သေဆုံး

August 31, 2017

ဘရာဇီးတွင် ကားအစီး ၃၀ ကျော် ဆင့်တိုက်၊ အနည်းဆုံး လူ ၂ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ သြဂုတ် ၃၀ ရက်နေ့က မော်တော်ယာဉ်အစီး ၃၀ ကျော် အတွဲလိုက် ဆင့်တိုက်မိတာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ ကုန်ကားနှစ်စီး အရင်ဆုံးတိုက်မိပြီး ရပ်တန့်သွားပေမယ့် နောက်ကနေ မောင်းနှင်လာတဲ့ ကားအစီး ၃၀ လောက် အရှိန်မထိန်းနိုင်ဘဲ ဆက်တိုက်ဆိုသလို ဝင်တိုက်မိခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အရင်ဆုံးတိုက်မိတဲ့ ကုန်ကားနှစ်စီး မီးထလောင်ခဲ့တဲ့အတွက် မီးခိုးတွေကြောင့် နောက်ကမောင်းလာတဲ့ကားတွေ ကောင်းကောင်းမမြင်ရဘဲ ဆက်တိုက်ဆိုသလို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ ဘရာဇီးရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up