BRAZIL-LGBT-PRIDE02
ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ “၂၁ ကြိမ်မြောက် ဆောပိုလို ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော်” ကို ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး လူပေါင်းသောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီပွဲတော်ကို ဘရာဇီးနိုင်ငံရဲ့ LGBT ဂုဏ်သိက္ခာအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
ဘရာဇီးနဲ့ တကမ္ဘာလုံးက လူပေါင်းများစွာ တက်ရောက်ကြပြီး ကမ္ဘာ့အကြီးဆုံး ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပထမဆုံးအကြိမ် ဆောပိုလို ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော်ကို ၁၉၉၇ ခုနှစ်က ကျင်းပခဲ့ပြီး လူ ၂၀၀၀ သာ ပါဝင်ဆင်နွှဲခဲ့တာပါ။
ဒီနှစ်ပွဲတော်ကတော့ လူအတော်များများ ဆွဲဆောင်ခဲ့ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ ပွဲကို စတင်ခဲ့ပါတယ်။
ပွဲတော်ရည်ရွယ်ချက်ကတော့ “ယုံကြည်ချက်များ အနှောင်အဖွဲ့ကင်းရေး၊ အားလုံး တန်းတူညီတူရှိရေး” တို့ပဲ ဖြစ်ပါတယ်။
ပွဲတော်မှာ တက်ကြွလှုပ်ရှားသူတွေက LGBT အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။
ပါဝင်ဆင်နွှဲသူတဦးက “တို့တွေက အတိုက်အခံလုပ်ပြီး ဒီကိုလာတာ။ တို့တွေ ဒီမှာ အမြဲရှိနေတယ်ဆိုတာကို ကမ္ဘာကြီးကို ပြချင်လို့ပါ” လို့ ပြောသွားပါတယ်။
ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပေါ်လစ္စတာရိပ်သာလမ်းမှာ ကျင်းပတာ ဖြစ်ပါတယ်။
ဒီပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံး ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော်အဖြစ် ၂၀၀၆ ခုနှစ်က ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။
6 years Ago