ဘရာဇီးတိုက်စစ်မှူးဟောင်း ဇစ်ကို၏ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့သည့် နေမာ

September 8, 2016

ဘရာဇီးတိုက်စစ်မှူးဟောင်း ဇစ်ကို၏ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့သည့် နေမာ

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ကိုလံဘီယာနဲ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူခဲ့တာကြောင့် ဘရာဇီးအသင်း သမိုင်းတလျှောက် စတုတ္ထ ဂိုးအများဆုံးသွင်းယူထားတဲ့ ဇစ်ကိုရဲ့ ၄၈ ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဇစ်ကိုဟာ ၁၉၇၆ ကနေ ၁၉၈၆ ခုနှစ်အထိ ဘရာဇီးအသင်းမှာ ပွဲပေါင်း ၇၁ ပွဲကစားပြီး ၄၈ ဂိုး သွင်းခဲ့တာပါ။ အသက် ၂၄ နှစ်သာရှိသေးတဲ့ နေမာအနေနဲ့ ဘရာဇီးအတွက် ပွဲပေါင်း ၇၂ ပွဲမှာ ၄၈ ဂိုးအထိ သွင်းယူထားတာဖြစ်ပြီး ဘရာဇီးအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ဂန္ထ၀င်တိုက်စစ်မှူး ပီလီရဲ့ ၇၇ ဂိုးကိုမီဖို့ နောက်ထပ် ၂၉ ဂိုး လိုအပ်မှာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းအတွက် ဒုတိယ ဂိုးအများဆုံး သွင်းယူထားတာက ၆၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး ၅၅ ဂိုး သွင်းယူထားတဲ့ ရိုမာရီယိုက တတိယဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။
5 years Ago
Up