ဘရာဇီးတိုက်စစ်မှူး

A d v e r t i s e m e n t With Us

June 14, 2019

ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အက်စ်တွန်ဗီလာ ခေါ်ယူ

ပရီးမီးယားလိဂ် တန်းတက်အသင်းဖြစ်တဲ့ အက်စ်တွန်ဗီလာဟာ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂ်က ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အက်စ်တွန်ဗီလာဟာ တိုက်စစ်မှူး ဝက်စ်လေကို ပေါင် ၂၂ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ် ခေါ်ယူလိုက်တယ်လို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ ၂၀၁၁ ခုနှစ်က တိုက်စစ်မှူး ဒါရင်းဘန့်ကို ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းထက် ပိုများပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဝက်စ်လေဟာ ကလပ်ဘရုဂ်မှာ လေးရာသီကြာ ပါဝင်ကစားခဲ့ပြီး ပွဲ ၁၃၀ မှာ ၃၈ ဂိုးသွင်းယူကာ အသင်းဖော်တွေအတွက် ၁၄ ကြိမ် ပံ့ပိုးကူညီခဲ့သလို ချန်ပီယံဆုဖလား နှစ်ကြိမ် ဆွတ်ခူးထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ကလပ်ဘရုဂ်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆု ရခဲ့ပါတယ်။ ဝက်စ်လေဟာ အက်စ်တွန်ဗီလာအတွက် အခုရာသီ သုံးယောက်မြောက်ခေါ်ယူတဲ့ ကစားသမားဖြစ်ပြီး သူ့အရင်က လိုင်လီတောင်ပံကစားသမား အန်ဝါအယ်လ်ဂါဇီနဲ့ ဘာမင်ဂမ်တိုက်စစ်မှူး ဂျိုတာတို့ကို ခေါ်ယူထားပါတယ်။
2 years Ago

June 7, 2019

ဘရာဇီးတိုက်စစ်မှူး နေမာ ကိုပါအမေရိကားပြိုင်ပွဲ လွဲချော်

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကား ၂၀၁၉ ဘောလုံးပြိုင်ပွဲကို လွဲချော်ဖို့ရှိပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး အသက် ၂၇ နှစ်အရွယ် နေမာဟာ ဇွန် ၆ ရက်နေ့ ကာတာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။ ကိုပါအမေရိကား ဘောလုံးပြိုင်ပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် လာမယ့် ဇွန် ၁၄ ရက်နေ့ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ကိုပါအမေရိကားဖလားပွဲမှာ အသင်းပေါင်း ၁၂ သင်း ယှဉ်ပြိုင်ကြမှာပါ။ နေမာဟာ လတ်တလော အမျိုးသမီးတဦးက သူ့ကို အဓမ္မပြုကျင့်တယ်ဆိုပြီး ရုပ်သံအင်တာဗျူးတခုမှာ စွပ်စွဲပြောဆိုတာ ခံနေရပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကနေ ၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
2 years Ago
Up