ဘရာဇီးဆည် ပြိုကျပြီး ရွှံ့နွံအတွင်း နစ်မြုပ်နေသည့် တိရစ္ဆာန်များကို ကယ်တင်

A d v e r t i s e m e n t With Us

November 7, 2015

ဘရာဇီးဆည် ပြိုကျပြီး ရွှံ့နွံအတွင်း နစ်မြုပ်နေသည့် တိရစ္ဆာန်များကို ကယ်တင် (ရုပ်သံ)

ဘရာဇီးနိုင်ငံ၊ မီနတ်စ်ဂျရေ့စ်ပြည်နယ်က သံသတ္တုရိုင်း မိုင်းတွင်းတခုအနီးမှာ  နိုဝင်ဘာ ၅ ရက်နေ့က ဆည် ၂ ခု ပြိုကျမှုကြောင့် သေကျေပျက်စီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ကယ်ဆယ်ရေးလုပ်သားတွေက ကယ်တင်ခဲ့ကြပါတယ်။ ဘန်တိုရိုဒရီးဂတ်စ်ရွာကိုဖြတ်ပြီး ကြီးမားတဲ့ ရေလွှမ်းမိုးမှုနောက်မှာ ကြောက်လန့်နေကြတဲ့ တိရစ္ဆာန်တွေဟာ ထူထပ်တဲ့ ရွှံ့နွံတွေထဲမှာ နစ်မြုပ်ပျောက်ဆုံးကုန်ကြတာမို့ ကူညီကယ်ဆယ်ရေး လုပ်သားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အာရုံစိုက်ကာ ကယ်ဆယ်ခဲ့ကြတာပါ။ ကယ်ဆယ်ရေး ပရဟိတအုပ်စုတစုဟာ မိုင်းအစအနတွေရှိတဲ့ ရွှံ့နွံထဲမှာ ရင်ခေါင်းထိ နစ်မြုပ်နေတဲ့ မြင်းတကောင်ကို ကယ်တင်ခဲ့ကြပါတယ်။ အဲဒီ ကူညီကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဂျိုဝယ်လ်မာဝီဘက်စ်တာက “ကံမကောင်းစွာဘဲ အဲဒီမြင်းကို ကယ်တင်လို့ မရခဲ့ဘဲ သူ့ရဲ့ကလေးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ခွေးတချို့ကို ကျမတို့ လေချွန်ခေါ်တော့ သူတို့ ဖြတ်ပြီးတော့ ကူးလာခဲ့ကြတယ်။ ဒီအလုပ်လုပ်ရတာ ကျမတို့ ယုံကြည်မှုရှိပါတယ်” လို့ ပြောပါတယ်။ အဲဒီဆည်ပြိုကျပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး လူ ၃၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နိုဝင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေဟာ တဖြည်းဖြည်း တိုးလာနေပြီး အနည်းဆုံး ရွာ ၆ ရွာကို ရေလွှမ်းမိုးမှု ဖြစ်စေခဲ့ကာ ရာပေါင်းများစွာသော မိသားစုတွေဟာ ပိုမြင့်တဲ့ အရပ်ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်နေကြတာပါ။
5 years Ago
Up