ဘရာဇီးဆည်

January 29, 2019

ဘရာဇီးဆည်ကျိုးပေါက်မှု ရွှံ့ရေထဲနစ်သည့် ခရီးသည်တင်ကားတစီး တွေ့ရှိ

ဘရာဇီးဆည်ကျိုးပေါက်မှုကနေ ရွှံရေတွေအတွင်း နစ်နေတဲ့ ခရီးသည်တင်ယာဉ်တစီးကို ဇန်န၀ါရီလ ၂၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အဲဒီ ဘတ်စ်ကားကို ရှာတွေ့ခဲ့ပြီး ကားပေါ်မှာ သေဆုံးသူတွေနဲ့ ပြည့်နေမယ်လို့ ယူဆထားပါတယ်။ မီးသတ်သမားတွေဟာ မီတာပေါင်း ရာချီကျယ်ဝန်းတဲ့ ရွှံ့ပင်လယ်ကို ပျဉ်ပြားတွေခင်းပြီး  ဘတ်စ်ကားထဲက အလောင်းတွေကို ရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။ ရွာသားတွေက  ရွှံ့နွံအတွင်း နစ်နေတဲ့ နွားတကောင်ကို ကယ်ဆယ်ရာကနေ အဲဒီဘတ်စ်ကားကို တွေ့ခဲ့တာပါ။ ဆည်ကျိုးမှုအန္တရာယ်ကြောင့် သေဆုံးသူဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့အထိ အယောက် ၆၀ ရှိသွားပြီး လူ ၃၀၀ လောက် စာရင်းပျောက်နေပါတယ်။ တာဝန်ရှိသူတွေက ပျောက်ဆုံးနေသူတွေကို အသက်ရှင်ရက် တွေ့ဖွယ်မရှိဘူးလို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

January 26, 2019

ဘရာဇီးဆည် ကျိုးပေါက်မှုကြောင့် သေဆုံးသူ ၉ ဦးရှိပြီ၊ ၂၀၀ ခန့် ပျောက်ဆုံး

ဇန်န၀ါရီ ၂၅ ရက်နေ့က ဘရာဇီးဆည် ကျိုးပေါက်ပြီး ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ ၉ ဦးအထိ မြင့်တက်လာပြီး  ပျောက်ဆုံးသူ ၂၀၀ လောက်ရှိတယ်လို့ ဒေသခံ မီးသတ်သမားတွေက ပြောပါတယ်။ အဆိုပါ သံရိုင်းသတ္တုတွင်းကို ဘရာဇီးလုပ်ငန်းရှင် ဗာလီက ပိုင်ဆိုင်ပြိး ဆည်ကျိုးချိန်မှာ အလုပ်သမား ၃၀၀ လောက် ရှိနေတယ်လို့ သူကပြောပါတယ်။ အခုချိန်ထိ စာရင်းရထားသူ ၁၀၀ လောက်သာ ရှိပါတယ်။ ဖေအီဂျောင် သတ္တုတွင်းရှိ အဲဒီဆည်ဟာ ရေကုဗမီတာ ၂ သန်းဆံ့တယ်လို့ ဗာလီကပြောပါတယ်။ ဗာလီက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်နေ့ကပဲ ဆည်ဟာ ကြံ့ခိုင်မှုရှိကြောင်း ကိရိယာတွေနဲ့ စစ်ဆေးချက်အရ သိရပြီး ဆည်ကျိုးရတဲ့ အကြောင်းရင်းကို ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။
2 years Ago
Up