ဘရာဇီးမှာ စံချိန်တင်လောင်နေတဲ့ အမေဇုန်တောမီးကို စစ်တပ် စေလွှတ်ငြှိမ်းသတ်မယ်လို့ သမ္မတ ဘော်ဆိုနာရိုက သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတ ဘော်ဆိုနာရိုက သာမန်ထက် ပိုမိုခြောက်သွေ့တဲ့ ရာသီဥတုကို အပြစ်တင်လိုက်ပြီး ဘရာဇီးတပ်ဖွဲ့ဝင်တွေကို သင့်တော်တဲ့ ကိရိယာနဲ့ မီးသတ်ခိုင်းမယ်လို့ ပြောလိုက်တာပါ။
ဒါ့အပြင် အမေဇုန်တောမီးနဲ့ ပတ်သက်လို့ သတင်းမှား ပျံ့နေတာက ပြဿနာကို ဖြေရှင်းမပေးဘူးလို့ သူက ဆိုပါတယ်။
အမေဇုန် တောမီးကိစ္စကို နိုင်ငံတကာမှာ ဆန္ဒပြကြပြီးနောက်မှာ သမ္မတ ဘော်ဆိုနာရိုက အဲဒီလို မိန့်ခွန်းပြောခဲ့တာပါ။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘရာဇီးအစိုးရ ဂုဏ်သိက္ခာကို ကာကွယ်တဲ့ စာ ၁၂ မျက်နှာပါ ဖြန့်ဝေစာကို နိုင်ငံခြားသံရုံးတွေဆီ ဝေငှခဲ့ပါတယ်။
အမေဇုန်တောအတွင်း ခြောက်သွေ့ရာသီမှာ တောမီးလောင်တာက ဖြစ်ရိုးဖြစ်စဉ်ပေမယ့် အခုတောမီးမှာ စားကျက်မြေရဖို့ သစ်တောခုတ်တဲ့ တောင်ယာသမားတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက အပြစ်တင်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
စံခ်ိန္တင္ အေမဇုန္ေတာမီး ဘရာဇီးစစ္တပ္ ေစလႊတ္ ျငႇိမ္းသတ္မည္
ဘရာဇီးမွာ စံခ်ိန္တင္ေလာင္ေနတဲ့ အေမဇုန္ေတာမီးကို စစ္တပ္ ေစလႊတ္ျငႇိမ္းသတ္မယ္လို႔ သမၼတ ေဘာ္ဆိုနာ႐ိုက ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။
သမၼတ ေဘာ္ဆိုနာ႐ိုက သာမန္ထက္ ပိုမိုေျခာက္ေသြ႕တဲ့ ရာသီဥတုကို အျပစ္တင္လိုက္ၿပီး ဘရာဇီးတပ္ဖြဲ႕ဝင္ေတြကို သင့္ေတာ္တဲ့ ကိရိယာနဲ႔ မီးသတ္ခိုင္းမယ္လို႔ ေျပာလိုက္တာပါ။
ဒါ့အျပင္ အေမဇုန္ေတာမီးနဲ႔ ပတ္သက္လို႔ သတင္းမွား ပ်ံ႕ေနတာက ျပႆနာကို ေျဖရွင္းမေပးဘူးလို႔ သူက ဆိုပါတယ္။
အေမဇုန္ ေတာမီးကိစၥကို ႏိုင္ငံတကာမွာ ဆႏၵျပၾကၿပီးေနာက္မွာ သမၼတ ေဘာ္ဆိုနာ႐ိုက အဲဒီလို မိန႔္ခြန္းေျပာခဲ့တာပါ။
ဒါ့အျပင္ သဘာဝပတ္ဝန္းက်င္နဲ႔ ပတ္သက္ၿပီး ဘရာဇီးအစိုးရ ဂုဏ္သိကၡာကို ကာကြယ္တဲ့ စာ ၁၂ မ်က္ႏွာပါ ျဖန႔္ေဝစာကို ႏိုင္ငံျခားသံ႐ုံးေတြဆီ ေဝငွခဲ့ပါတယ္။
အေမဇုန္ေတာအတြင္း ေျခာက္ေသြ႕ရာသီမွာ ေတာမီးေလာင္တာက ျဖစ္႐ိုးျဖစ္စဥ္ေပမယ့္ အခုေတာမီးမွာ စားက်က္ေျမရဖို႔ သစ္ေတာခုတ္တဲ့ ေတာင္ယာသမားေတြကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြက အျပစ္တင္ထားပါတယ္။
2 years Ago