ရီယို ၂၀၁၆ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးက ဂျာမနီကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားပါတယ်။
အချိန်ပို မိနစ်မှာ ၁ ဂိုးစီ သရေကျလို့ ပင်နယ်တီအထိ ဆက်ခဲ့ရပါတယ်။ ပင်နယ်တီမှာ ဘရာဇီးက တိုက်စစ်မှူး နေမာရဲ့ ဂိုးအပါအ၀င် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာတုန်းက ဂျာမဏီက ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၂ နှစ်အကြာမှာ ဘရာဇီးက အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရသွားတာပါ။
ဘရာဇီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲ ၃ ကြိမ်မှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ဖူးပြီး ချန်ပီယံ ဖြစ်ဖူးခြင်းမရှိဘဲ အခုနှစ်ပြိုင်ပွဲကြမှ ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
ဂျာမဏီအသင်းကတော့ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖူးပေမယ့် အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ် ရယူနိုင်ခြင်း မရှိသေးပါဘူး။
5 years Ago