ဘာစီလိုနာအသင်းဟာ ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုကို တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရင်း အသင်းကနေ ခေါ်ယူလိုက်ပါတယ်။
စပိန်ကလပ် ဘာစီလိုနာက ကွင်းလယ်လူ ပေါ်လင်ဟိုကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူလိုက်တာပါ။
ဘာစီလိုနာအတွက်တော့ တိုက်စစ်မှူး နေမာ အသင်းကနေ ထွက်သွားပြီး နောက်ပိုင်းမှာ ပထမဆုံး ကစားသမား ခေါ်ယူမှုလည်း ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ပေါ်လင်ဟိုဟာ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
ပေါ်လင်ဟိုဟာ ၂၀၁၃ မှာ ဘရာဇီးကလပ် ကိုရင်သီယန်ကနေ စပါးအသင်းကို ရောက်ရှိလာတာပါ။
အဲဒီနောက် ၂၀၁၅ မှာ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရင်းအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကွင်းလယ်မှာ အားဖြည့်နိုင်ဖို့ လီဗာပူး ကွင်းလယ်လူ ကော်တင်ဟိုကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
5 years Ago