စက္ကူ၊ ခဲနက်နဲ့ ရေနွေးငွေ့ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ နည်းလမ်းကို အသက် ၂၂ နှစ်အရွယ် ဘရာဇီးကျောင်းသူတဦးက ဖန်တီးနိုင်ခဲ့ပါတယ်။
ဆန်တာမာရီယာ ဖက်ဒရယ်တက္ကသိုလ်က ကယ်လီ မိုရယ်ရာက ခဲနက်သုတ်လိမ်းထားတဲ့ စက္ကူရွက် ၂၀ ကို တွဲချည်ပြီး မိုရယ်ရာက LED မီးသီးငယ်အလုံး ၆၀ ကို မီးထွန်းပြခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီပမာဏ မီးလင်းဖို့ ပစ္စည်းဖိုး ကုန်ကျစရိတ်က ခန့်မှန်း ၅ ဆင့်သာ ကျသင့်ပါတယ်။ ဒါပေမဲ့ ဒီတီထွင်မှုနောက်ကွယ်က မက္ကင်းနစ်ပညာကတော့ စွမ်းအားကြီးပါတယ်။ နောက်ပြီး လေထဲမှာရှိတဲ့ ရေမော်လီကျူးတွေက စွမ်းအင်ကို ရေနွေးငွေ့ပုံစံနဲ့ ထုတ်လုပ်တာ ဖြစ်ပါတယ်။
အဲဒီစွမ်းအင်ကို ဂရက်ဖိုက် သုတ်လိမ်းထာတဲ့ စက္ကူတွေနဲ့ ဖမ်းယူပါတယ်။ အဲဒီကနေ လျှပ်စစ် စီးဆင်းတာဖြစ်ပါတယ်။
အခု တီထွင်မှုဟာ ကနဦးအဆင့်ဆိုပေမယ့် မိုရယ်ရာက ဒီအိုင်ဒီယာဟာ နေအိမ်တွေအထိ အကျိုးများဖို့ မျှော်လင့်နေပါတယ်။
ဒါ့အပြင် ဒီပစ္စည်းတွေကို အလွယ်တကူရယူပြီး ကုန်ကျစရိတ်နည်းတာက ကမ္ဘာတဝှမ်းရှိ ဆင်းရဲသားအသိုက်အဝန်းမှာ လျှပ်စစ်မီးရစေဖို့ သက်ရောက်မှု ကြီးမားလှပါတယ်။
1 year Ago