ဘရာဇီ

September 14, 2020

ကျောင်းပြန်ဖွင့်ရန် ဘရာဇီး ပုဂ္ဂလိကကျောင်းဆရာများ ဆန္ဒပြ

ကျောင်းတွေပြန်ဖွင့်ခွင့်ပြုဖို့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့က ပုဂ္ဂလိကကျောင်းတွေက ဆရာတွေ စက်တင်ဘာ ၁၃ ရက်က ဆန္ဒပြခဲ့ကြပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြားမှာ ကျောင်းသားတွေ စာသင်ခန်းတွေဆီကို ပြန်လာ ကြဖို့ တောင်းဆိုနေပါတယ်။  တောင်အမေရိကနိုင်ငံ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကူးစက်ခံ လူနာ ၁ သိန်း ၃ သောင်း ၁ ထောင်ကျော် သေဆုံးခဲ့ပြီးပါပြီ။  ဒါဇင်နဲ့ချီတဲ့ဆရာတွေက ကိုပါကာဘာနာ ကမ်းခြေနားက လမ်းတွေကို ပိတ်ဆို့ ထားပါတယ်။  လက်ကိုင်ဆိုင်းဘုတ်တွေ ကိုင်စွဲရင်း လူချင်းတွေ့ရမယ့် စာသင်ခန်းတွေ ပြန်ဖွင့်ရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။  ဘရာဇီးဟာ ကူးစက်မှုတိုးလာတဲ့ မတ်လတည်းကစပြီး ကျောင်းတွေ၊ တက္ကသိုလ်တွေကို ရပ်ဆိုင်းထားခဲ့တာပါ။  အရင်အပတ်တွေက ပြည်နယ်တွေနဲ့ စည်ပင်ဧရိယာ အတော်များများမှာ စာသင်ခန်းတွေ ပြန်ဖွင့်ရေးအစီအစဉ်တွေကို တဖြည်းဖြည်း ကြေညာလာခဲ့ကြပါတယ်။  အမေဇိုးနပ်စ်ပြည်နယ်ရဲ့ မြို့တော် မာနောက်စ်ဟာ ပုဂ္ဂလိက ပညာရေးကွန်ရက်တွေ အတွင်း စာသင်ခန်းတွေ ပြန်ဖွင့်ဖို့ တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးမြို့တော် ဖြစ်လာပါတယ်။  ဘရာဇီးဟာ အမေရိကန်နဲ့ အိန္ဒိယပြီးရင် ကမ္ဘာ့တတိယမြောက် ကူးစက်ခံ နဲ့ ကူးစက်ခံ သေဆုံးမှု အမြင့်ဆုံးနိုင်ငံပါ။  ကူးစက်ခံ ၄ ဒသမ ၃၁ သန်း ကျော်ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး ကူးစက်ခံ သေဆုံးသူ ၁ သိန်း ၃ သောင်းကျော် ရှိတယ်လို့ ဝန်ကြီးဌာန ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။    
9 months Ago

August 16, 2020

ဘရာဇီးနိုင်ငံရှိ အမေဇုန်တော မီးလောင်

ဘရာဇီးနိုင်ငံ၊ ရွန်ဒိုနီးယားပြည်နယ်၊ ပေါ်တိုဗယ်လ်ဟိုမြို့နားမှာ သြဂုတ် ၁၄ ရက်နေ့က လယ်သမားတွေနဲ့ သစ်ခုတ်သမားတွေ မြေရှင်းရာကနေ အမေဇုံတောကြီး မီးလောင်နေပါတယ်။ ဘရာဇီးရဲ့ သဘာဝပတ်ဝန်းကျင်ဌာန အယ်လ်ဘားမားက မီးသတ်သမားတွေက ကြီးကြပ် ကွပ်ကဲ မီးငြှိမ်းသတ်နေပေမဲ့  မီးက ခန့်မှန်းလို့မရဘဲ ရှိနေပါတယ်။ နှစ်စဉ် တောမီးရာသီအတွင်း ကာလရှည် ခြောက်သွေ့ရာသီကြောင့် အမေဇုံတောထဲက မတူခြားနားတဲ့ သစ်ပင်သစ်ရွက်တွေမှာ မတူခြားနားတဲ့ မီးလောင်နှုန်း ရှိကြပြီး တောမီးရဲ့ ပုံပန်းသဏ္ဌာန်ကို လေနဲ့ အပူချိန်က အမြန်ပြောင်းပေးနိုင်တယ်လို့လည်း  ရိုက်တာ သတင်းဌာနက ရေးပါတယ်။ သြဂုတ် ၁၁ ရက်က ဘရာဇီးသမ္မတ ဘော့ဆိုနာရိုက အမေဇုံမှာ ဘာမီးမှ လောင်မနေဘူးလို့ ငြင်းခဲ့ပြီး ဒီသတင်းကို အလိမ်အညာလို့ခေါ်ရင်း သတင်းဖြန့်မှုအတွက် မီဒီယာတွေကို ပြစ်တင်ရှုတ်ချပါတယ်။ သမ္မတဟာ မေလတည်းက သစ်တောပြုန်းတီးမှုနဲ့ မီးသတ်ဖို့ စစ်တပ်ကို စေလွှတ်ခဲ့ပေမဲ့ ဒီလိုတပ်ချမှုဟာ အလုပ်ဖြစ်ရဲ့လားလို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက မေးခွန်းထုတ်ကြပါတယ်။
10 months Ago
More News
Up