ဘရပ်ဆဲလ်ဗုံးဖောက်ခွဲမှု တရားခံတွေ ထိုင်းနိုင်ငံဆီ ပြေးလာခဲ့သလား

A d v e r t i s e m e n t With Us

March 25, 2016

ဘရပ်ဆဲလ်ဗုံးဖောက်ခွဲမှု တရားခံတွေ ထိုင်းနိုင်ငံဆီ ပြေးလာခဲ့သလား

ဘယ်လ်ဂျီယမ်နိုင်ငံတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဘရပ်ဆဲလ်လေဆိပ်အသေခံဗုံး ဖောက်ခွဲမှုသံသယရှိသူ ၂ ဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံကို ပေးပို့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်ဖို့ တောင်းဆိုထားတယ်လို့ ဘန်ကောက်ပို့စ်သတင်း မှာ ဒီကနေ့ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်က ဒီအချက်အလက်တွေကို ထိုင်းအမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေနဲ့ ထိုင်းတော်ဝင်ရဲဌာနချုပ်သတင်းအချက်အ လက်သိမ်းဆည်းရာ ဒေတာဘေ့စ်မှာ ထည့်သွင်းပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။ ထိုင်းအမျိုးသားရဲဌာန ရဲချုပ် ချက်ခ်သစ်ချိုင်ဂျီဒါက “လက်ရှိအချိန်ထိတော့ သံသ ယဖြစ်စရာ တရားခံတွေ ထိုင်းနိုင်ငံထဲဝင်လာတယ်ဆိုတဲ့ သတင်းပေးပို့ချက် တစုံတရာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မျက်စိလျင်လျင်ထားဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်” လို့ ပြောပါ တယ်။ ဘယ်လ်ဂျီယမ်နိုင်ငံအနေနဲ့ ဒီသံသယရှိတဲ့သူတွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ထိုင်းနိုင်ငံအပါအ၀င် တခြားနိုင်ငံတွေကိုလည်း ပေးပို့ထားခဲ့တယ်လို့ သူက ပြောပါတယ်။ ခုပေးပို့ထားသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သူကမပြောပဲ လက်ရှိ မှာတော့ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာရဲဌာနကို သံသယရှိ သူတွေနဲ့ ပတ်သက်ပြီး နိုးကြားစွာဆောင်ရွက်နိုင်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ချက်ခ် သစ်က ဆိုပါတယ်။
5 years Ago
Up