ဘရန့်ဒီဘို့ဝီလီဘရန့်

November 1, 2020

သတ်မှတ်ချိန်ထက် ၉ နှစ် နောက်ကျဖွင့်ခဲ့သည့် ဂျာမနီလေဆိပ်သစ်တွင် လေယာဉ်များ စဆင်း

ဂျာမနီနိုင်ငံမှာ သတ်မှတ်ချိန်ထက် ၉ နှစ် နောက်ကျပြီးမှ ဖွင့်ခဲ့တဲ့ လေဆိပ်သစ်ကို အောက်တိုဘာလ ၃၁ ရက်မှာ ခရီးသည်လေယာဉ်တွေ စတင်ဆင်းသက်ခဲ့ပါတယ်။  ဘာလင် ဘရန့်ဒီဘို့ဝီလီဘရန့် လေဆိပ်တည်ဆောက်ရေးကို  ၂၀၀၆ မှာစတင်ခဲ့ပြီး မူလက ၂၀၁၁ မှာ လေဆိပ်ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။  ဒါပေမဲ့လည်း တည်ဆောက်ရေးပြဿနာတွေနဲ့ နည်းပညာအခက်အခဲတွေကြောင့်  လေဆိပ်ဖွင့်ရက်ကို ထပ်တလဲလဲ ရွှေ့ဆိုင်းခဲ့ရပြီး ဒါဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပဲ့ထွက်စေတဲ့ အရှက်ရဖွယ် ကိစ္စကြီး ဖြစ်ခဲ့ပါတယ်။  လေဆိပ်သစ်ကြီး ဖွင့်လှစ်ရေးမှာ ကြန့်ကြာနေခဲ့တဲ့အတွက် ဘာလင်အနေနဲ့  ခေတ်မမီတော့ဘဲ ခရီးသည်တွေ ကျပ်ကျပ်လာတဲ့ စစ်အေးခေတ် လေဆိပ်နှစ်ခုကိုပဲ အားကိုးနေခဲ့ရတာပါ။  အောက်တိုဘာ ၃၁ ရက်မှာတော့ လေဆိပ်သစ်မှာ Easyjet လေယာဉ် ပထမဆုံး ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် မိနစ်အနည်းငယ် အကြာမှာ လုဖ်သန်ဆာ လေယာဉ်က ဆင်းခဲ့ပါတယ်။   ကပ်ရောဂါ ကာလဖြစ်တာမို့ Easyjet ဟာ ဘာလင်မြို့တွင်း ခရီးစဉ်ကို  လေယာဉ်အစီးရေ ၃၄ စီးကနေ ၁၈ စီးကို လျှော့ချပြေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းလိုင်း ဝန်ထမ်း ၁,၅၀ ထဲက ၄၀‌ေ ကျော်ကို လည်း လျှော့ချပစ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ဝန်ထမ်း ၃၂၀ ခန့်လောက်ဟာလည်း လာမယ့်နှစ် ဇွန်လအထိ အလုပ်ချိန် နည်းသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up