ဘစ်ကနီနဲ့ကနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက် အင်စတာဂရမ်မှာ အဆိုတော် ဘရစ်တနီစပီးယားက တင်လိုက်ရာမှာတော့ အင်တာနက်မှာ ရေးပန်းစားသွားပါတယ်။
နိုက်စ်စွပ်နဲ့ နာသန်နယ် ရာတီလို့တို့ရဲ့ သီချင်းနောက်ခံနဲ့ ကင်မရာကို ငေးကြည့်ပြီး ဆံပင်ကိုသပ်နေတဲ့ ဘရစ်တနီစပီးယားရဲ့ ဗွီဒီယိုဖိုင် ၃ ဖိုင်မှာ တဖိုင်စီကို လူတွေ သိန်းချီ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။
အဖြူအမည်း ရုပ်သံဖိုင်မှာ ကလေး ၂ ယောက်အမေ ဘရစ်တနီစပီးယားရဲ့ ကျော့ရှင်းတဲ့ အလှကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ဒီရုပ်သံဟာ သီချင်းတွေအတွက် ရိုက်ကူးထားတာ မဟုတ်ဘဲ ပရိသတ်တွေကို ပျော်ရွှင်စေတဲ့အတွက် တင်လိုက်တာလို့ ဘရစ်တနီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
7 years Ago