ဘရက်ပစ်

September 17, 2019

ဟောလိဝုဒ်စတား ဘရက်ပစ်ကို အာကာသယာဉ်မှူးအဖြစ် ရှုစားကြရမည့် Ad Astra ရုပ်ရှင်(နမူနာ)

ဟောလိဝုဒ်စတား ဘရက်ပစ် ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင် Ad Astra ကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Sci-Fi Adventure အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ James Gray က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားဟာ အာကာသ အခြေခံတဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဘရက်ပစ်ကိုတော့ အာကာသယာဉ်မှူး Roy McBride အဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ သူဟာ ပျောက်ဆုံးနေတဲ့ အာကာသယာဉ်မှူး ဖခင်ကို ရှာဖွေဖို့ အာကာသထဲကို ထွက်လာရင်း လူသားမျိုးနွယ်စုတွေအပေါ် ကျရောက်လာတော့မယ့် လျှို့ဝှက်ချက်တခုကို သိလိုက်ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒါကို ကာကွယ်နိုင်ဖို့ သူ့အနေနဲ့ ဖြေရှင်းနိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဘရက်ပစ်နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြ တဲ့ Tommy Lee Jones ၊ Ruth Negga ၊ Liv Tyler နဲ့ Donald Sutherland တို့ကလည်း ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice Film Festival မှာ ပြုလုပ်ခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.7 အထိ ရရှိထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၈၇ ဒဿမ ၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းနဲ့ သန်း ၂၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေဟာလိဝုဒ္စတား ဘရက္ပစ္ကို အာကာသယာဥ္မႉးအျဖစ္ ရႈစားၾကရမည့္ Ad Astra ႐ုပ္ရွင္(နမူနာ) ေဟာလိဝုဒ္စတား ဘရက္ပစ္ ေခါင္းေဆာင္ပါဝင္ထားတဲ့ ႐ုပ္ရွင္ Ad Astra ကို လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Sci-Fi Adventure အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ နာ မည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ 20th Century Fox က တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္႐ုပ္ရွင္ဒါ႐ိုက္တာ James Gray က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါ တယ္။ ဒီကားဟာ အာကာသ အေျခခံတဲ့ ဇာတ္ေၾကာင္းနဲ႔ ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ၿပီး ဘရက္ပစ္ကိုေတာ့ အာကာသယာဥ္မႉး Roy McBride အျဖစ္ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ သူဟာ ေပ်ာက္ဆုံးေနတဲ့ အာကာသယာဥ္မႉး ဖခင္ကို ရွာေဖြဖို႔ အာကာသထဲကို ထြက္လာရင္း လူသားမ်ိဳးႏြယ္စုေတြအေပၚ က်ေရာက္လာေတာ့မယ့္ လွ်ိဳ႕ဝွက္ခ်က္တခုကို သိလိုက္ရခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ၊ ဒါကို ကာကြယ္ႏိုင္ဖို႔ သူ႔အေနနဲ႔ ေျဖရွင္းႏိုင္ပါ့မလားဆိုတာေတြကို ရင္တထိတ္ထိတ္နဲ႔ ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဘရက္ပစ္နဲ႔အတူ တျခား ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾက တဲ့ Tommy Lee Jones ၊ Ruth Negga ၊ Liv Tyler နဲ႔ Donald Sutherland တို႔ကလည္း ပါဝင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔ မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၂၄ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Venice Film Festival မွာ ျပဳလုပ္ခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။ IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.7 အထိ ရရွိထားပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ သန္း ၈၀ နဲ႔ ၈၇ ဒႆမ ၅ သန္း အကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ဒီ ႐ုပ္ရွင္ကားကိုေတာ့ Box Office မွာ ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၇ သန္းနဲ႔ သန္း ၂၀ ၾကား ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။
2 years Ago
Up