ဘရက်ဇစ်

October 20, 2019

ဘရက်ဇစ်အရေး ဒုတိယအကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးရန် တောင်းဆို

လန်ဒန်မြို့လမ်းမတွေမှာ အောက်တိုဘာလ ၁၉  ရက်နေ့က သိန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေ စုဝေးပြီး  ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)ကနေ နုတ်ထွက်ရေး (ဘရက်ဇစ်) နဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ တောင်းဆိုနေပါတယ်။   ဆန္ဒပြသူတွေက အီးယူအလံတွေ ဝှေ့ယမ်းပြီး လိန်းပန်းခြံအတွင်း စုဝေးကာ မြို့လယ်ကောင်ကနေ ပါလီမန် ရှိရာကို ချီတက်ကြပါတယ်။  အစိုးရက ဗြိတိန်ပြည်သူတွေ အသံနားမထောင်တာကို စိတ်ဆိုးတယ်လို့ ဆန္ဒပြသူတယောက်က   ပြောပါတယ်။  အခုဆိုရင် ဗြိတိန်ပြည်သူတွေဟာ အီးယူအဖွဲ့အတွင်းမှာ ဆက်နေလိုတယ် ဆိုတာကို  မဲတွေအားလုံးက ပြသနေတယ်လို့ သူက ပြောပါတယ်။   ဆန္ဒပြသူတဦးကတော့ ဗြိတိန်ဟာ ဘေးအန္တရာယ်ကြီးတခု ကြုံတွေ့ရတော့မှာဖြစ်ပြီး အဲဒီဘေးအန္တရာယ်က နိုင်ငံစီးပွားရေးကို ဖျက်ဆီးလိမ့်မယ်လို့ ပြောပါတယ်။ ဆန္ဒပြသူ အတော်များများက ကတ်ထူဆိုင်းဘုတ်တွေ၊ စာတန်းတွေကို ကိုင်ထားပြီး တချို့ ဆိုင်းဘုတ်တွေက ဘရက်ဇစ်အရေးကို အမေရိကန်သမ္မတထရမ့် ရွေးကောက်ပွဲနဲ့ ခိုင်းနှိုင်းထားပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လို နိုင်ငံရေးသမားတွေကို လှောင်ပြောင်တဲ့ စက္ကူရုပ်တွေကို ဆန္ဒပြသူတွေက ကိုင်မြှောက်ထားပါတယ်။
1 year Ago

August 19, 2019

ဘရက်ဇစ်အရေး ဂျာမနီအဓိပတိနှင့် ဗြိတိန်ဝန်ကြီးချုပ် ဆွေးနွေးမည်

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မယ့်အစီအစဉ် (ဘရက်ဇစ်) နဲ့ပတ်သက်ပြီး ဂျာမနီအဓိပတိ အိန်ဂျလာ မာကယ်က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ သြဂုတ် ၂၁ ရက်မှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ (အီးယူ) ကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ တရားဝင်နုတ်ထွက်ဖို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်ထိ ဘရက်ဇစ် သဘောတူညီမှု မရသေးပါဘူး။ ဒါ့ကြောင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ဘရက်ဇစ် ဆွေးနွေးပွဲတွေ ပြန်စရေး အီးယူ ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။ “ဘရက်ဇစ်အတွက် သဘောတူညီမှုတခုတောင် မရခဲ့ဘူးဆိုရင် ဘယ်လိုရလဒ်ကိုမဆို ရင်ဆိုင်ဖို့ ကျမတို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးတဲ့ နောက်ဆုံးနေ့အထိ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ” လို့ အိန်ဂျလာမာကယ်က ပြောပါတယ်။ ဘာသဘောတူညီချက်မှ မရတာထက်စာရင် သဘောတူညီချက်တခု ရတာက ပိုကောင်းတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ သဘောတူညီချက်မရဘဲ အီးယူကနေ နုတ်ထွက်တာဟာ နိုင်ငံ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
Zawgyi Version ဘရက္ဇစ္အေရး ဂ်ာမနီအဓိပတိႏွင့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဆြးေႏြးမည္ DVB ဥေရာပသမဂၢကေန ၿဗိတိန္ ႏုတ္ထြက္မယ့္အစီအစဥ္ (ဘရက္ဇစ္) နဲ႔ပတ္သက္ၿပီး ဂ်ာမနီအဓိပတိ အိန္ဂ်လာ မာကယ္က ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္နဲ႔ ၾသဂုတ္ ၂၁ ရက္မွာ ေဆြးေႏြးသြားမယ္လို႔ ေျပာပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ ဥေရာပသမဂၢ (အီးယူ) ကေန ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ တရားဝင္ႏုတ္ထြက္ဖို႔ စီစဥ္ထားေပမယ့္ လက္ရွိအခ်ိန္ထိ ဘရက္ဇစ္ သေဘာတူညီမႈ မရေသးပါဘူး။ ဒါ့ေၾကာင့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ဟာ ဘရက္ဇစ္ ေဆြးေႏြးပြဲေတြ ျပန္စေရး အီးယူ ေခါင္းေဆာင္ေတြကို ဖိအားေပးဖို႔ ႀကိဳးစားေနပါတယ္။ “ဘရက္ဇစ္အတြက္ သေဘာတူညီမႈတခုေတာင္ မရခဲ့ဘူးဆိုရင္ ဘယ္လိုရလဒ္ကိုမဆို ရင္ဆိုင္ဖို႔ က်မတို႔ ျပင္ဆင္ထားပါတယ္။ ဒါေပမယ့္ ညႇိႏႈိင္းေဆြးေႏြးတဲ့ ေနာက္ဆုံးေန႔အထိ ဘယ္လိုအေျခအေနပဲ ျဖစ္ျဖစ္ ေျဖရွင္းဖို႔ ႀကိဳးစားသြားမွာပါ” လို႔ အိန္ဂ်လာမာကယ္က ေျပာပါတယ္။ ဘာသေဘာတူညီခ်က္မွ မရတာထက္စာရင္ သေဘာတူညီခ်က္တခု ရတာက ပိုေကာင္းတယ္လို႔ သူက ဆက္ေျပာခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံအေနနဲ႔ သေဘာတူညီခ်က္မရဘဲ အီးယူကေန ႏုတ္ထြက္တာဟာ ႏိုင္ငံ့စီးပြားေရးကို အႀကီးအက်ယ္ ထိခိုက္ႏိုင္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက သုံးသပ္ၾကပါတယ္။
2 years Ago
Up