ဘယ်လ်ဂျီယံအသင်း

December 11, 2020

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ဘယ်လ်ဂျီယံအသင်း နံပါတ်တစ်နေရာ ဆက်ရှိနေ

နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ရမှာ ဘယ်လ်ဂျီယံ အသင်းက ကမ္ဘာ့နံပါတစ် အသင်းအဖြစ် ဆက်လက်ရပ်တည် နေပါတယ်။  ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ဖီဖာက ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းက ၃ ကြိမ်ဆက်တိုက် နံပါတ်တစ်နေရာမှာ ဆက်လက်ထိန်း သိမ်းနိုင်ခဲ့တာပါ။  ကမ္ဘာ့ချန်ပီယံပြင်သစ်က  အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး ဘရာဇီး၊ အင်္ဂလန်အသင်းတို့ ဟာလည်း အဆင့် ၃ နဲ့ ၄ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။  အာရှတိုက်မှာတော့ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၇ ၊ အာရှအဆင့် ၁ နေရာတွေ ဆက်လက်ရပ်တည်ခဲ့ပါတယ်။  အဲဒီနောက်မှာ အီရန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ကာတာ၊ ဆော်ဒီ အစရှိတဲ့အသင်း တွေက အစဉ်လိုက်ရပ်တည်ပါတယ်။  အရှေ့တောင်အာရှမှာတော့  ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၉၃ နဲ့ ရပ်တည်မှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။  အဲဒီနောက်မှာ ထိုင်းက ကမ္ဘာ့အဆင့် ၁၁၁ ၊ ဖိလစ်ပိုင်က ၁၂၄၊ မြန်မာက ၁၃၇ နေရာတွေမှာ အစဉ်လိုက် အသီးသီးရပ်တည်ကြပါတယ်။ 
4 months Ago
Up