ဘယ်လ်ဂျီယံအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ ကာနေကာယူရိုဂျင်းတက်ခ် ဟာ အမေရိကန် ကုမ္ပဏီ အီနိုဗီယိုအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်းပေါင်း ဒါဇင်ချီ ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။
သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ အဆင့်မြင့်ဆုံး ခေတ်အမီဆုံး ယူရိုဂျင်းတက်ခ်ဟာ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေး INO-4800 ကို နျူကလီးရစ် အက်ဆစ် အခြေပြုပြီး ထုတ်လုပ်မှာလို့ ရိုက်တာ သတင်းဌာနကရေးပါတယ်။
ဒါပေမဲ့ ဒီဆေးဟာ နောက် ၆ လထက် ပိုစောပြီး ဈေးကွက်ထဲ မရောက်နိုင်ဘူးလို့ ထင်ကြေး ပေးထားကြပါတယ်။
ဒီဆေးက လက်ရှိ နောက်ဆုံးအဆင့် စမ်းသပ်ချက်ထွက်ရှိပြီးသား တခြား ကိုဗစ်-၁၉ ကာကွယ်ဆေးတွေထက် အားသာချက် တရပ် ရှိနေတယ်လို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။
ဒီ စမ်းသပ်ဆဲ ကာကွယ်ဆေးဟာ အခန်းတွင်း အပူချိန်မှာ တနှစ်ကျော်အထိ အာနိသင်မပျက် ဆက်ရှိနေနိုင်တယ်၊ တကယ်လို့ အာဖရိက အာရှစတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးတာ စချင်တယ် ဆိုရင် တခြားကာကွယ်ဆေးအများအပြားက အခန်းတွင်း အပူချိန်မှာ တကယ်တော့ အာနိသင် မပျက် ရှိနေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
လောလောဆယ်တော့ အင်နိုဗီယိုဟာ ဒီစမ်းသပ်ဆဲ ကာကွယ်ဆေး အတွက် အဆင့်၂ လက်တွေ့ စမ်းသပ်ဆဲ အဆင့်မှာသာ ရှိပါသေးတယ်။
လောလောဆယ်တော့ ဗြိတိန်ဟာ သူ့ပြည်သူတွေကို ဖှိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို စတင် ထိုးနှံ ပေးနေပါပြီ။
ဒီကာကွယ်ဆေးကတော့ အအေးချိန် ရေခဲမှတ်အောက် - ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ် အောက်မှာ ထားရမှာဖြစ်လို့ သယ်ယူပို့ဆောင်ရေး အခက်အခဲ ရှိနေပါတယ်။
4 months Ago