ဘယ်လ်ဂျီယမ်

May 15, 2020

၃ ရက်ကြာ ပွင့်ခဲ့သည့် ကမ္ဘာ့အကြီးဆုံးပန်းပွင့် 

ကမ္ဘာ့အကြီးဆုံးပန်းပွင့်ရဲ့ ၇၂ နာရီကြာအောင် ဖူးပွင့်ခဲ့မှုကို ဘယ်လ်ဂျီယမ်နိုင်ငံမှာ မေလ ၁၃ ရက်က အွန်လိုင်းကနေ  တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။  ဒီပန်းကို မိုင်ဆာရုက္ခဗေဒဥယျာဉ်မှာ စိုက်ထားတာဖြစ်ပြီး အမော်ဖိုဖောလပ်စ်- တိုက်တန်နမ် သို့မဟုတ် တိုက်တမ်အာရမ် Amorphophallus titanum or "Titan Arum"  လို့ ခေါ်ပါတယ်။  ဒီပန်းပင်ကို ၁၈၇၈ က ဆူမတြားမိုးသစ်တောတွေထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပန်းပွင့်အလေး ချိန်က ကီလို ၁၃၀ ( ၂၈၇ ပေါင်) အထိ အလေးချိန်ရှိတတ်တယ်ဆိုပါတယ်။  လော့ဒေါင်းချထားတာမို့ ဥယျာဉ်မှာ ပန်းပွင့်တာကို ဧည့်သည်တွေ လာမကြည့်နိုင်ခဲ့ပါဘူး။  ဒါပေမဲ့ ၂၀၀၈ က ဒီပန်းပင်က ပန်းစပွင့်တော့ လူရှစ်ထောင်လောက် လာစောင့်ကြည့်ခဲ့ ပါတယ်။   အဲဒီပန်းဟာ သဘာ၀အလျောက် သုံးနှစ်တကြိမ် ပွင့်ပြီး မွှေးပျံ့တဲ့ ပန်းရနံ့ကြောင့် ပျားတွေ လာတတ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago

February 9, 2020

ကီရာမုန်တိုင်းကြောင့် ဘယ်လ်ဂျီယမ်နှင့် နယ်သာလန် ဘောလုံးပွဲစဉ်များ ရွှေ့ဆိုင်း

ကီရာမုန်တိုင်းကြောင့် ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်နိုင်ငံတို့မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒတ်အာရီဒီဗိုက်ဆီ၊ ဘယ်လ်ဂျီယမ် ပရိုလိဂ်နဲ့ ဘယ်လ်ဂျီယမ် ဒုတိယတန်းပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းလိုက်တာပါ။ “ဒီလိုရာသီဥတု အခြေအနေမျိုးမှာ ပြိုင်ပွဲတွေ ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ နယ်သာလန် ဘောလုံးအဖွဲ့ချုပ် KNVB က ‌ ပြောပါတယ်။ ဒါပေမဲ့ ရွှေ့ဆိုင်းလိုက်တဲ့ ပွဲစဉ်တွေကို ဘယ်အချိန်မှာ ပြန်ကစားစေမလဲ ဆိုတာကိုတော့ အခုထိ မကြေညာပေးပါဘူး။ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ဘက်က ပြန်ကစားမယ့်ရက်ကို မထုတ်ပြန်သေးပေမယ့် ဘယ်လ်ဂျီယမ် ပရိုလိဂ်နဲ့ ဒုတိယတန်း ပရိုရှီးမက်လိဂ်တို့ကတော့ မုန်တိုင်းကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ ပွဲစဉ်တွေကို လာမယ့်သီတင်းပတ်ရဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ပြန်လည်ကစားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။  တော်ဝင်နယ်သာလန် မိုးလေဝသအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာမှာတော့ မုန်တိုင်းကီရာ ချဉ်းကပ်လာတာကြောင့် တနင်္ဂနွေနေ့မှာ တနိုင်ငံလုံးကို လိမ္မော်ရောင်အဆင့် သတိပေးချက်အဖြစ် သတ်မှတ်ထားပါတယ်။  မုန်တိုင်းဟာ နေ့လယ်ပိုင်းမှာ ပိုမိုအရှိန်ပြင်းထန်လာမယ်လို့ ခန့်မှန်းရပြီး လေတိုက်နှုန်းဟာလည်း တနာရီကို ၁၂၀ ကီလိုမီတာအထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။  မုန်တိုင်းကြောင့် ‌ရွှေ့ဆိုင်းလိုက်ရတဲ့ နယ်သာလန်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ အေဂျက်ဇ်အသင်းနဲ့ အက်ဖ်စီအုထရက်ပွဲ၊ အေဇက်အယ်လ်ခမာနဲ့ ဖီယင်နော့ပွဲ၊ စပါတာ ရာတာဒမ်နဲ့ အဒီအိုဒန်ဟက်တို့ပွဲ၊ အက်ဖ်စီအမ်မန်နဲ့ အက်စီတွမ်တီးတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပြီးတော့ ဘယ်လ်ဂျီယမ်လိဂ်မှာတော့ စတန်းဒက်လီဂီနဲ့ ကလပ် ဘရုဂေးတို့ပွဲ၊ ရိုင်ယန်အန့်ဝတ်နဲ့ ဂျန့်တို့ပွဲအပြင် ဝက်စလန်းဘီဗာရန်နဲ့ ကဗွီကော့ရစ်တို့ ပွဲစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
1 year Ago
Up