ဘယ်ဒီ

A d v e r t i s e m e n t With Us

April 18, 2020

လီဗာပူးတွင် မာနေး ကာလရှည်ကြာ မကစားဟု လက်ရွေးစင်အသင်းဖော် ပြော

မာနေးဟာ လီဗာပူးအသင်းမှာ ကာလရှည်ကြာ ကစားမယ့်သူ မဟုတ်ကြောင်း ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ကီတာဘယ်ဒီက ပြောလိုက်ပါတယ်။  ပြင်သစ်ကလပ် မိုနာကိုမှာ ကစားနေတဲ့ တိုက်စစ်မှူး ဘယ်ဒီဟာ ဆီနီဂေါအသင်းမှာတော့ မာနေးနဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ မာနေးကို  စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူလိုတယ်လို့ သတင်းထွက်ပေါ်ဖူးပါတယ်။  မာနေးဟာ အလွန်တော်တဲ့သူဖြစ်ပြီး ဘယ်လိုအချိန်မှာ ဘာလုပ်ရမလဲဆိုတာ သိတာကြောင့် လီဗာပူးအသင်းမှာ နောက်ထပ် ၁ နှစ်၊ ၂ နှစ်ထက်ပိုပြီး ဆက်ကစားမယ်လို့ မထင်ကြောင်း ဆီနီဂေါ အသင်းဖော် ဘယ်ဒီက ပြောပါတယ်။  ထိပ်တန်းအသင်းတသင်းက စွဲမက်စရာ ကမ်းလှမ်းမှုတွေ အမှန်တကယ် ရှိလာမယ်ဆိုရင်တော့ မာနေးဟာ လီဗာပူးက ထွက်ခွာလိမ့်မယ်လို့လည်း ဘယ်ဒီက ဆိုပါတယ်။  မာနေးဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာပါ။ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာတဲ့ မာနေးဟာ လီဗာပူးအတွက် စုစုပေါင်း ၁၆၁ ပွဲမှာ ၇၇ ဂိုးသွင်း၊ ၃၄ ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
11 months Ago
Up