ဘယ်ဂျီယမ်တိရစ္ဆာန်ရုံတစ်ခုမှာ နှစ်သစ်ကူးနေ့က ဘိုနိုဘို ချင်ပန်ဇီမျောက်လေးကို မွေးဖွားခဲ့ပါတယ်။
အန့်ဝါ့ပ် တိရစ္ဆာန်ရုံအသင်းက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ နေယမ်ဘီလို့ခေါ်တဲ့ ချင်ပန်ဇီ မိခင်ကြီး မွေးကင်းစ ချင်ပန်ဇီလေးကို ပွေ့ချီထားပါတယ်။
နေယမ်ဘီဟာ ဒီနွေရာသီမှာ သမီးအကြီးဆုံး နီလာနဲ့အတူ ပလက်ကန်ဒေါင် တိရစ္ဆာန်ရုံကို ပြောင်းရွှေ့လာတာပါ။
အခု ချင်ပန်ဇီလေး မွေးဖွားတာနဲ့ဆိုရင် ဘိုနိုဘိုချင်ပန်ဇီ ကောင်ရေ ၂၀ အထိ ဖြစ်လာမှာပါ။
ဘိုနိုဘိုမျိုးနွယ်တွေဟာ ချင်ပန်ဇီအပုမျိုး ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရယ်ရှိ မျောက်ဝံဖြစ်တယ်လို့လည်း ဝက်ဘ်ဆိုက်သတင်းတွေအရ သိရပါတယ်။
2 months Ago