ဘယ်ခြေ

A d v e r t i s e m e n t With Us

January 21, 2021

ဘယ်ခြေကန်ချက်ဖြင့် လှလှပပဂိုးသွင်းယူနိုင်ခဲ့သည့်အပေါ် ပေါ့ဘာ မှတ်ချက်ပြု

အားမသန်တဲ့ ဘယ်ခြေကန်ချက်ကြောင့် လှပတဲ့ ဂိုးဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ကြောင်း မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ဖူဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းယူခဲ့တာပါ။ ညာသန်ဖြစ်တာကြောင့် အားနည်းတဲ့ဘယ်ခြေကန်ချက်က အခုလောက်ကောင်းမွန်တဲ့ ဂိုးဖြစ်သွား လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ပွဲအပြီးမှာ ပေါ့ဘာကပြောခဲ့တာပါ။ “ကျနော် ဘောလုံးကို ကောင်းကောင်းကန်နိုင်ခဲ့တယ်။ ဘယ်ခြေက ဒီလောက် ပြင်းလိမ့်မယ်လို့တောင် မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ဒီလိုသာ ကန်ဖို့ မကြိုးစားဘူးဆိုရင် ဒီလို လှပတဲ့ ဂိုးလည်းရမှာ မဟုတ်ပါဘူး။ ဒီဂိုးက လှပတဲ့ ဂိုးဖြစ်ခဲ့သလို နိုင်ပွဲကလည်း အလွန်ကောင်းခဲ့ ပါတယ်” လို့ ပေါ့ဘာက BT Sportရုပ်သံကို ပြောခဲ့တာပါ။  ပေါ့ဘာဟာ ဘန်လေနဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး အဲဒီပွဲက သွင်းဂိုးထက် ဘယ်ခြေနဲ့ သွင်းခဲ့တဲ့ ဖူဟမ်နဲ့ပွဲက ဂိုးကို ပိုကြိုက်ကြောင်း ပေါ့ဘာကပြောသွားခဲ့ပါတယ်။  မန်ယူအသင်းဟာ ပေါ့ဘာရဲ့ ဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။  
1 month Ago
Up