ဘယ်လောက်ရှိလဲ

April 8, 2017

အသက် ၁၀ နှစ်ရှိ စပါးအုံးမြွေကြီး အလေးချိန် ဘယ်လောက်ရှိလဲ (ရုပ်သံ)

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်စ်ဒေသ ဆန်းမားစ်ဘီမြို့က တွားသွားသတ္တဝါထိန်းသိမ်းရေးရုံမှာ ဝန်ထမ်းတွေ ဧပြီ ၄ ရက်နေ့က သူတို့ဆီမှာ ထိန်းသိမ်းပြထားတဲ့ မြွေအကြီးကြီးကို အလေးချိန်တိုင်းတာနေကြပါတယ်။ နှစ်စဉ်အလေးချိန် တိုင်းတာဖြစ်ပြီး ဒီမြွေကြီးကို အခြားဝန်ထမ်းတစ်ဦးက ကြိုးနဲ့ အလေးချိန်တိုင်းတာဖို့ လူ ၅ ဦးက ၀ိုင်းမထားရပါတယ်။ အခုအချိန်မှာ မြွေကြီးက ၅.၂၈ မီတာ (၁၇.၃ ပေ) ရှိပြီး ၅၃ ကီလိုဂရမ် (၁၁၆.၈) ပေါင် ရှိနေတယ်လို့ ဆိုပါတယ်။ အဆိပ်မရှိတဲ့စပါးအုံးမြွေတွေဟာ လူတွေကို ဖြစ်ညှစ်သတ်စားတတ်ကြပြီး သားကောင်ကို ကိုက်ချီဖို့ သူတို့ရဲ့ နောက်ဘက်မျက်နှာမူထားတဲ့ သွားတွေကို သုံးတယ်လို့ ပန်းခြံဝန်ထမ်းတွေက ပြောပါတယ်။ အသက် ၁၀ နှစ်ရှိတဲ့ စပါးအုံးမြွေမတွေက နှစ် ၃၀ ထိ အသက်ရှည်နိုင်ပြီး ၁၀ မီတာ (၃၂ ပေ) အရှည်ထိ ကြီးထွားနိုင်တယ်လို့ သိရပါတယ်။
4 years Ago
Up