ဘယ်လ်ဂျီယံ လေဆိပ်အဆောက်အဦ ပေါက်ကွဲမှုနှစ်ခုဖြစ်၊ လူ ၁၇ ဦးသေ

A d v e r t i s e m e n t With Us

March 22, 2016

ဘယ်လ်ဂျီယံ လေဆိပ်အဆောက်အဦ ပေါက်ကွဲမှုနှစ်ခုဖြစ်၊ လူ ၁၇ ဦးသေ

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်လေဆိပ် ထွက်ခွာဆောင်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခုဖြစ်ခဲ့ပြီး ၁၇ ဦးသေဆုံးကာ လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရုရှားတူဒေးသတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုမတိုင်ခင်မှာ အာရတ်ဘာသာစကားနဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုသံတွေ ကြားခဲ့ရပြီး ထိခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသတွင်း ဘယ်လ်ဂါသတင်းက ဆိုပါတယ်။ ဘယ်လ်ဂျီယံအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းရဲ့ အဆိုအရ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်နိုင်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ ဘရပ်ဆဲလ်လေဆိပ် ပြောရေးဆိုခွင့်ရှိသူ အန့်ခ်ဖရန်ဆန်က “လေဆိပ်ထွက်ခွာဆောင်ထဲမှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့တာပါ။ ကျမတို့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်အကူအညီနဲ့ ပြုစုစောင့်ရှောက်မှုပေးနိုင်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတပုံမှာတော့ ပေါက်ကွဲပြီးနောက်မှာ အဆောက်အဦဆီက လိမ့်တက်လာတဲ့ မီးခိုးလုံးမည်းမည်းတွေကို တွေ့ရတာပါ။ ဘရပ်ဆဲလ်လေဆိပ်အနေနဲ့ လက်ရှိမှာ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းပြီး ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ သူတို့ရဲ့ တွစ်တာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာကတဆင့် ကြေညာခဲ့တာပါ။ “လေဆိပ်ကို မလာကြပါနဲ့။ လေဆိပ်ဝန်းကျင်ကို ရှောင်ကြဉ်ကြပါ။ လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါပြီ။” ဘရပ်ဆဲလ်လေဆိပ်ဟာ နှစ်စဉ် ခရီးသည် ၂၃ သန်းကျော် ၀င်ထွက်သွားလာပြီး အသုံးပြုရာ လေဆိပ်တခု ဖြစ်ပါတယ်။
5 years Ago
Up