ဘယ်လ်ဂျီယံ တနှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ဟာဇက် ရွေးချယ်ခံရ

January 4, 2018

ဘယ်လ်ဂျီယံ တနှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ဟာဇက် ရွေးချယ်ခံရ

ဘယ်လ်ဂျီယံ တနှစ်တာအကောင်းဆုံး ကစားသမား မဲပေးရွေးချယ်မှုမှာ ချဲလ်ဆီး ကစားသမား ဟာဇက်က မန်စီးတီးက ဒီဘရိုင်းကို ကျော်ဖြတ်ပြီး တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။ မဲပေးမှုကို ဘယ်လ်ဂျီယံအသင်းရဲ့ တရားဝင် တွစ်တာအကောင့်ကနေ ဆန္ဒမဲ ခံယူခဲ့တာဖြစ်ပြီး ဟာဇက်က ဒီဘရိုင်းထက် မဲအရေအတွက် ၅ ထောင်ကျော်အသာနဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာပါ။ တတိယနေရာမှာတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူက မဲအရေအတွက် ၃၂၂၃ မဲနဲ့ ရပ်တည်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ တနှစ်တာအကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဟာဇက်ဟာ ၂၀၁၇ ခုနှစ်အတွင်း ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သလို ဘယ်ဂျီယံအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရာမှာလည်း အဓိကနေရာကနေ ခြေစွမ်းပြခဲ့လို့ ပရိသတ်တွေရဲ့ ရွေးချယ်မှု ပိုမိုများပြားခဲ့တာလို့ သိရပါတယ်။
3 years Ago
Up