ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ဘူတာကြီးတွင် အသေးစား ဗုံးပေါက်ကွဲမှုဖြစ်

June 21, 2017

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ဘူတာကြီးတွင် အသေးစား ဗုံးပေါက်ကွဲမှုဖြစ်

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ဘူတာကြီးမှာ ဇွန်လ ၂၀ ရက်နေ့က အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးထောင်ခဲ့တဲ့ အကြမ်းဖက်သမားကိုလည်း ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ အကြမ်းဖက်သမားက ဘရပ်ဆဲလ်မြို့တော်ရဲ့ အဓိက လူစည်ကားရာ ဘူတာကြီးမှာ ဗုံးထောင်ခဲ့တာဖြစ်ပြီး ကင်းလှည့်တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ နာရီအနည်းငယ်အကြာမှာ ဗုံးရှင်းတပ်ဖွဲ့က အဲဒီဧရိယာကို ရှင်းလင်းနိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ မရှိပါဘူး။ ဘရပ်ဆဲလ်အခြေစိုက် အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွတွေဟာ ၂၀၁၅ နိုဝင်ဘာလက ပြင်သစ်နိုင်ငံ မြို့တော်ပါရီကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၃၀ ထိ သေဆုံးခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် မတ်လကလည်း ဘရပ်ဆဲလ် မြေအောက်ဘူတာရုံနဲ့ လေဆိပ်တွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး လူ ၃၂ ဦး သေဆုံးခဲ့ပါသေးတယ်။
5 years Ago
Up