ဘယ်လ်ဂျီယံနည်းပြ

A d v e r t i s e m e n t With Us

June 19, 2019

လူကာကူ မန်ယူမှ ထွက်သင့်ဟု ဘယ်လ်ဂျီယံနည်းပြ ပြော

လူကာကူအနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာသင့်တယ်လို့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ မန်ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ နည်းပြဆိုးလ်ရှား လက်ထက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပိုမိုပွဲထွက်ခွင့် ရခဲ့တာပါ။ နည်းပြ ဆိုးလ်ရှားဟာ လာမယ့်ရာသီမှာလည်း လူကာကူအတွက် ပွဲထွက်ခွင့် အာမခံချက်ပေးမှာ မဟုတ်တာကြောင့် အသင်းကနေ ထွက်ခွာသင့်တယ်လို့ နည်းပြ မာတီနက်ဇက်က ပြောကြားခဲ့တာပါ။ လူကာကူအနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာရမှာဖြစ်ပြီး အဲဒါက နှစ်ဖက်စလုံးအတွက် ကောင်းမွန်ကြောင်းနဲ့ အသင်းသစ်ရှာဖွေရမှာက လူကာကူအတွက် အရေးကြီးဆုံးအလုပ် ဖြစ်တယ်လို့ မာတီနက်ဇက်က ပြောကြားသွားပါတယ်။ အသက် ၂၆ နှစ်ရှိ လူကာကူဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ မန်ယူကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ လူကာကူကို နည်းပြကွန်တီ ကိုင်တွယ်နေတဲ့ အီတလီကလပ် အင်တာမီလန်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
2 years Ago

June 11, 2019

ဟာဇက် ရီးရဲလ်တွင် အောင်မြင်နိုင်ဟု ဘယ်လ်ဂျီယံနည်းပြ ပြော

ရီးရဲလ်အသင်းမှာ ဟာဇက် အောင်မြင်မှုရနိုင်တယ်လို့ ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်က သုံးသပ် ပြောကြားလိုက်ပါတယ်။ နည်းပြ မာတီနက်ဇ်အနေနဲ့ ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သုံးသပ်ခဲ့တာဖြစ်ပြီး ဟာဇက်အနေနဲ့ ရီးရဲလ်အသင်းနဲ့ အံဝင်နိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဆိုပါတယ်။ ဟာဇက်ဟာ အခုနှစ် နွေရာသီရဲ့ အထူးခြားဆုံး ခေါ်ယူမှုတခုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို သွားဖို့က ထူးခြားတဲ့ ကစားသမားတွေပဲ လုပ်ဆောင်နိုင်ကြောင်းနဲ့ ရီးရဲလ်ကို ပြောင်းလိုက်တာဟာ ပြီးပြည့်စုံတဲ့ အတွဲအဖက်ဖြစ်တယ်လို့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ပြောကြားလိုက်တာပါ။ ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့အတူ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ၂ လုံး၊ လိဂ်ဖလား ၁ လုံးနဲ့ အက်ဖ်အေဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up