ဘယ်လ်ဂျီယံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရ

January 16, 2018

ဘယ်လ်ဂျီယံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရ

ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်ဝပ်မြို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့ကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတခုအတွင်း အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရခဲ့သလို လူနေအဆောက်အအုံတခုလည်း ပြိုကျခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်မှုနဲ့ မဆက်နွှယ်ဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ နိုင်ငံပိုင်ရုပ်သံသတင်း အာတီဘီအက်ဖ်ကတော့ အခုပေါက်ကွဲမှုဟာ ဓာတ်ငွေ့ပေါက်ကွဲမှုလို့ သတင်းဖော်ပြပါတယ်။ ပေါက်ကွဲမှုကြောင့် ကပ်လျက်အဆောက်အအုံ ၂ ခုလည်း ပျက်စီးနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဥရောပတဝန်း အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာနဲ့ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ဘယ်လ်ဂျီယံနိုင်ငံဟာ အကြမ်းဖက်အန္တရာယ် သတိရှိမှု အမြင့်ဆုံးမှာ ရှိနေပါတယ်။
4 years Ago
Up