ဘယ်လ်ဂျီယံ

April 7, 2019

ဘယ်လ်ဂျီယံနိုင်ငံက ရေအောက် ရုပ်ရှင်စတူဒီယို (ရုပ်သံ)

ဘယ်လ်ဂျီယံနိုင်ငံမှာ ရေအောက် ရုပ်ရှင်စတူဒီယိုသစ်တခုကို ဧပြီ ၃ ရက်နေ့က စဖွင့်လိုက်ပြီး ကမ္ဘာ့ပေါ်မှာအထူးခြားဆုံး ဖြစ်တယ်လို့ စတူဒီယိုပိုင်ရှင် ၀င်မ်မိုက်ကယ်က ပြောခဲ့ပါတယ်။ အဲဒီစတူဒီယိုခန်းမှာ ပေ ၃၀ အနက်ရှိတဲ့ ရေကန်တခုပါပြီး မုန်တိုင်းထဲရောက်နေတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ရေလိုင်းတုတွေနဲ့ လေတွေ မှုတ်ထုတ်ပေးတဲ့ စက်တွေနဲ့ ရိုက်ကူးကြတာပါ။ ဒါ့အပြင် အဲဒီစတူဒီယိုခန်းထဲမှာ ရွှေ့လို့ရတဲ့ စင်ကြီးတခုလည်း ပါတာကြောင့် ရေပေါ် ရေအောက် နှစ်ခုစလုံးမှာ ဇာတ်ဝင်ခန်းအတွက် လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲကို မီဒီယာတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်လေ့လာချိန် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ပင်လယ်ပြင်မှာ မုန်တိုင်းမိနေတဲ့ ဇာတ်ဝင်ခန်းတခုကို ရိုက်ပြခဲ့ကြပါသေးတယ်။ “ဒါက ကျနော်တို့ ကုမ္ပဏီရဲ့ ကြီးမားတဲ့ ခြေလှမ်းတခုပါပဲ။ သာမန်စတူဒီယိုခန်းနှစ်ခုနဲ့ အထူး တည်ဆောက်ထားတဲ့ ရေအောက်စတူဒီယိုတခုကို ကျနော်တို့ ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ ရေအောက်စတူဒီယိုက ကမ္ဘာပေါ်မှာ အထူးခြားဆုံးလို့ ကျနော်ထင်ပါတယ်”  စတူဒီယိုပိုင်ရှင် ၀င်မ်မိုက်ကယ်က ပြောပါတယ်။ အဲဒီရေအောက် စတူဒီယိုကို ဧပြီ ၃ ရက်နေ့မှ စဖွင့်ခဲ့ပေမယ့် ဆွီဒင်ဒါရိုက်တာတယောက်ဟာ သူရဲ့ ရုပ်ရှင်ကားသစ် "Breaking Surface" အတွက် ဇာတ်ဝင်ခန်းတွေကို ဇန်န၀ါရီလက  အဲဒီစတူဒီယိုမှာ ရိုက်ကူးခဲ့ပြီးပါပြီ။ “Breaking Surfac' ရုပ်ရှင်က နော်ဝေမြောက်ပိုင်းမှာ ဆောင်းရာသီအချိန် ရေငုပ်ရင်း မတော်တဆဖြစ်ခဲ့တဲ့ ညီမနှစ်ယောက် အကြောင်းကို ရိုက်ထားတာပါ။ ဒါပေမယ့် အပြင်မှာ ရိုက်ဖို့ တော်တော်လေး ခက်ခဲပါတယ်။ အဲဒါကြောင့် ဘယ်လ်ဂျီယံကိုလာပြီး ဒီစတူဒီယိုမှာ လာရိုက်ခဲ့တာပါ” လို့ ရုပ်ရှင်ဒါရိုက်တာ ယိုဝါကမ်ဟဲန်က ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဖလန်ဒါဒေသမှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီတွေရဲ့ တီထွင်ဖန်တီးမှု မြှင့်တင်ရေး ကူညီထောက်ပံ့နေတဲ့ ဘယ်လ်ဂျီယံအစိုးရ အေဂျင်စီတခုက အဲဒီ စတူဒီယိုတည်ဆောက်ဖို့ ယူရို ၁ ဒဿမ ၁ သန်း ရန်ပုံငွေ မတည်ပေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
4 years Ago

March 25, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ဘယ်လ်ဂျီယံက ဆိုက်ပရပ်စ်ကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အိုင် ပွဲစဉ်မှာ ဘယ်လ်ဂျီယံက အဝေးကွင်းမှာ ဆိုက်ပရပ်စ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘယ်လ်ဂျီယံက အဝေးကွင်းမှာ ဆိုက်ပရပ်စ်ကို သက်သောင့်သက်သာကစားပြီး အနိုင်ရသွားတာပါ။ ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ တိုက်စစ်မှူး ဟာဇက်က သွင်းယူပါတယ်။ ဒီဂိုးဟာ ဘယ်လ်ဂျီယံအတွက် တိုက်စစ်မှူး ဟာဇက်ရဲ့ သွင်းဂိုးတရာပြည့်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအတွက် ဒုတိယအနိုင်ဂိုးကို ၁၈ မိနစ်မှာ ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှူးအာယီက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘယ်လ်ဂျီယံက အုပ်စု အိုင်မှာ ၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
4 years Ago
More News
Up