ဘယ်လိုပေါက်ကွဲခဲ့သလဲ (ရုပ်သံ)

April 21, 2018

ဂျပန်က မီးတောင် ဘယ်လိုပေါက်ကွဲခဲ့သလဲ (ရုပ်သံ)

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၅၀ အတွင်း ပထမဦးဆုံးအကြိမ်အနေနဲ့ ဧပြီ ၁၉ ရက်နေ့က  မီးတောင်တလုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟာ နိုင်ငံတောင်ပိုင်း ကျူရူကျွန်းပေါ်က အမြင့် ၄၂၅၈ ပေရှိတဲ့ လို မီးတောင်ပါ။ မီးတောင်ကနေ မီးသင့်ကျောက်တွေဟာ ၁ ဒသမ ၂ မိုင်အထိ လွှင့်စင်နိုင်တယ်လို့ မီးတောင်လှုပ်ရှားတဲ့ ဒုတိယမြောက်နေ့မှာ ဂျပန် မိုးလေ၀သဌာနက သတိပေးခဲ့ပါတယ်။ ဒါကြောင့် ဧပြီ ၂၀ ရက်နေ့မှာ မီးတောင်ပတ်ဝန်းကျင်က နေအိမ်တွေ အသေးစား ဟိုတယ်တွေကို ဘေးကင်းရာ ရွှေ့ပြောင်းဖို့ အစိုးရက ကြေညာခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ သက်ဝင်လှုပ်ရှားတဲ့ မီးတောင်စုစုပေါင်း ၁၁၀ ရှိပြီး အဲဒီထဲက မီးတောင် ၄၇ တောင်ကို အချိန်ပြည့် စောင့်ကြည့်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။
3 years Ago
Up