ဘယ်လိုဂန်း

September 3, 2018

ဘရိုက်တန်နောက်ခံလူ ဘယ်လိုဂန်း ပရီးမီးယားလိဂ်တွင် ကစားခွင့်ရရေး စုန်းမအကူအညီ ယူခဲ့ရ

ဘရိုက်တန်အသင်း နောက်ခံလူ ဘယ်လိုဂန်းဟာ ပရီးမီးယားလိဂ်မှာ ကစားရဖို့အတွက် စုန်းမတယောက်ရဲ့ အကူအညီကို ယူခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ်ရှိ နိုင်ဂျီးရီးယားနောက်ခံလူ ဘယ်လိုဂန်းဟာ ပြီးခဲ့တဲ့မေလကမှ ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင်က ဒဏ်ရာပြဿနာတွေကို အလူးအလဲ ခံခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဟောပြနိုင်ခဲ့တဲ့ စုန်းမဟာ ဘယ်လိုဂန်းမှာ အရှိန်အဝါတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပြီး နာမည်ကြီးတဲ့နေရာမှာ အသက်မွေးဝမ်းကျောင်းရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုဂန်းဟာ ဂျာမနီနွယ်ဖွား နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ပြီး နိုင်ဂျီးရီးယားမှာသာ ကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားအသင်းအတွက် ပွဲပေါင်း ၂၂ ပွဲ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း နိုင်ငံအသင်းအတွက် ပွဲအပြည့်ကစားခဲ့သူလည်း ဖြစ်ပါတယ်။
3 years Ago
Up