ဘယ်လိုခွဲထုတ်သလဲ

April 8, 2017

တင်ပါးဆုံထဲက မပေါက်ကွဲသေးသည့် ဒုံးကျည်ကို ဘယ်လိုခွဲထုတ်သလဲ (ရုပ်သံ)

ယီမင်နိုင်ငံက ဆေးရုံတရုံမှာ အမျိုးသားတဦးရဲ့ တင်ပါးဆုံထဲကို ဝင်နေတဲ့ မပေါက်ကွဲသေးတဲ့ ဒုံးကျည်ကို ခွဲစိတ်ဆရာဝန်အဖွဲ့က ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။ မေရာရဲ့ ဧပြီလ ၇ ရက်နေ့တင်ထားတဲ့ ရုပ်သံထဲမှာ တင်ပါးဆုံထဲ ဒုံးကျည်ဝင်နေတဲ့ အမျိုးသားက ခွဲစိတ်စင်ပေါ်မှာ ဒဏ်ရာအပြင်းအထန်နဲ့ လှဲလျောင်းနေပြီး ကွဲကြောင်း ဒဏ်ရာကြီးကိုလည်း မြင်ရပါတယ်။ ခွဲစိတ်ဆရာဝန်အဖွဲ့ကလည်း ဒုံးကျည်ကို ထုတ်ဖို့ အရေးပြားတွေကို ဆွဲလန်ပြီး ခက်ခက်ခွဲစိတ်ဖယ်ရှားနေရတဲ့ ၄၈ စက္ကန့်ကြာရုပ်သံက လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာပါ။ အသားစတွေကို ခွဲစိတ်ဖယ်ရှားပြီး နောက်ဆုံးမှာ ဆရာဝန်တဦးက ဒုံးကျည်ကို အမျိုးသားရဲ့ ခန္ဓာကိုယ်ကနေ ဖြည်းဖြည်းဆွဲဖယ်လိုက်ပြီး အခန်းထဲကနေ ယူသွားပါတယ်။ လူနာအမျိုးသားရဲ့ ခြေထောက်ကို ဖြတ်တောက်စရာမလိုပဲ အသက်လည်းရှင်ခဲ့တဲ့ ခွဲစိတ်မှုဖြစ်ပေမယ့် လူနာရဲ့ပေါင်ရိုးကိုတော့ ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လိုအပ်တယ်လို့ သိရပါတယ်။
4 years Ago
Up