ဘယ်လာရုစ် အာဏာပိုင်တွေဟာ မင့်စ်ခ်မြို့မှာ ဂျာမနီသတင်းဌာန DW ရဲ့ အလွတ်တန်း သတင်းထောက်တဦး အပါအဝင် အနည်းဆုံး သတင်းသမား ၆ ဦးကို သြဂုတ် ၈ ရက်နေ့က ထိန်းသိမ်းခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြပါတယ်။
အဲဒီမတိုင်ခင် တရက်တုန်းကလည်း ဝင်ရောက်ခွင့်မရှိတဲ့ ကွန်ပျူတာ အချက်အလက်တွေကို ကိုယ်ကျိုးအတွက် အသုံးပြုမှု စွပ်စွဲချက်နဲ့ နာမည်ကျော် သတင်းစာမျက်နှာ် ၂ ခုက သတင်းသမား အနည်းဆုံး ၄ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။
ဘယ်လာရုစ် စုံစမ်းစစ်ဆေးရေး ကော်မတီကတော့ DW သတင်းဌာနရဲ့ အလွတ်တန်း သတင်းထောက်ကို ထိန်းသိမ်းထားတယ်ဆိုတာ အတည်ပြု ပြောကြားပါတယ်။
လွတ်လပ်သော ဥရောပအသံ သတင်းဌာန အယ်ဒီတာချုပ်ကလည်း စုံစမ်းစစ်ဆေးသူတွေဟာ သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ကွန်ပျူတာတွေ သိမ်းသွားတဲ့အပြင် သူနဲ့ တခြားသတင်းသမား ၃ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ သြဂုတ် ၈ ရက် အစောပိုင်းမှာ ပြောထားပါတယ်။
အခုလို ဖမ်းဆီးတာတွေဟာ လွတ်လပ်သောမီဒီယာကို ဖိနှိပ်မှုဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ သတင်းစာလွတ်လပ်မှု ကိစ္စတွေနဲ့ မဆိုင်ဘူးလို့ ပြောထားပါတယ်။
3 years Ago