ဘယ်တုန်းက

August 30, 2016

သစ်ကုလားအုတ်ကို ပစ်သတ်ခဲ့မှုအပေါ် ကာကွယ်ပြောဆိုသည့် ၁၂ နှစ် ကလေးငယ် (ရုပ်သံ)

သစ်ကုလားအုတ်တကောင်ကို ပစ်ပြပြီး ဓာတ်ပုံရိုက်ယူခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်မလေး အရန်နာ ဂေါ်ဒင်ကို တိရစ္ဆာန် ချစ်သူတွေက ဝေဖန် ပြစ်တင်ခဲ့လို့ ပြန်လည် ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုကြောင့် တောရိုင်းတိရစ္ဆာန်တွေ မျိုးသုန်းသေဆုံးကုန်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပေမယ့် သူကတော့ တောလိုက်တာကို ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တောလိုက်ပြီး သေနေတဲ့ သစ်ကုလားအုတ်နဲ့ ဓာတ်ပုံရိုက်ယူထားတာကို အရန်နာက လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် သူ့ကို ကမ္ဘာတ၀န်းက တိရစ္ဆာန် ချစ်သူတွေ ဝေဖန်ခဲ့သလို အသက်ကိုပါ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ တောင်အာဖရိကမှာ သူပစ်သတ်လိုက်တဲ့ ကုလားအုတ်ဟာ အသက်ကြီးတဲ့ သစ်ကုလားအုတ်ဖြစ်ပြီး အုပ်စုထဲက တခြားအကောင်တွေကို ရန်ရှာနေလို့ ဒီရန်ကနေ ကင်းဝေးသွားပြီ ဖြစ်တယ်လို့ အရန်နာက ပြောပါတယ်။ ဒီသစ်ကုလားအုတ်က ရရှိတဲ့ အသားဟာ အနီးက မိဘမဲ့ကျောင်းက ကလေးတွေနဲ့ ရွာသားတွေ အတွက် ဟင်းလျာဖြစ်တယ်လို့ ဆိုပါတယ်။ သစ်ကုလားအုတ်ကို ဘယ်တုန်းက ပစ်သတ်ခဲ့တယ်ဆိုတာတော့ သတင်းမှာ မဖော်ပြထားပါဘူး။ တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ လိုတာကို နားလည်သလို မုဆိုးတိုင်းက သားကောင်တိုင်းကို မပစ်ဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမယ့်လည်း တိရစ္ဆာန်ချစ်တဲ့သူတွေကတော့ သူကို ၀ိုင်းဝန်းဝေဖန်နေပါတယ်။
5 years Ago
Up