ဘယ်ဂျီယံ

July 15, 2018

ကမ္ဘာ့ဖလား တတိယလုပွဲ ဘယ်ဂျီယံ ၂-ဝ အင်္ဂလန် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဘယ်ဂျီယံက အင်္ဂလန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ ဘယ်ဂျီယံအတွက် ဦးဆောင်ဂိုးကို နာဆာ ချပ်လ်ဒီရဲ့ ဖြတ်တင်ဘောကနေ မူနီယာက သွင်းယူပါတယ်။ ဒီပွဲမှာ အင်္ဂလန် ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဘယ်ဂျီယံက တန်ပြန် တိုက်စစ် တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်က ကွင်းလယ်က ဒိုင်ယာရဲ့ အပိုင်နီးပါးရတဲ့ ကန်ချက်ကို ဘယ်ဂျီယံနောက်တန်းက အယ်ဒါဝီ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘယ်ဂျီယံ တန်ပြန် တိုက်စစ် တွဲလုံးတွေကို အင်္ဂလန်က မထိန်းနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံအတွက် ဒုတိယအနိုင်ဂိုးကို ကွင်းလယ်သမား ဟာဇက်က သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ ဟာဇက် အကောင်းဆုံး ကစားသမားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဘယ်ဂျီယံဟာ ကမ္ဘာ့ဖလားမှာ ၁၉၈၆ မှာ စတုတ်ထရပြီး နောက်ပိုင်းမှာ တတိယဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
3 years Ago
Up