ဘမ်ဝှိုက်

July 27, 2021

ပေါင်သန်း ၅၀ ဖြင့် တန်၊ မတန် ဘမ်ဝှိုက် သက်သေပြရန်လိုဟု ဆိုးလ်ကမ်းဘဲလ် သုံးသပ်

အာဆင်နယ်အသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ နောက်ခံလူ ဘမ်ဝှိုက်အနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်သလားဆိုတာ သက်သေပြဖို့ လိုအပ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က သုံးသပ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းက အင်္ဂလန် လက်ရွေးစင်နောက်ခံလူ ဘမ်ဝှိုက်ကို ပေါင်သန်း ၅ဝ နဲ့ ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေတာပါ။ 

အသင်းနောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်ကတော့ ဘမ်ဝှိုက်အနေနဲ့ သက်သေပြစရာတွေရှိသေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။ 

ဆိုးလ်ကမ်းဘဲလ်က “ပေါင်သန်း ၅၀ ဆိုတဲ့ အခြေအနေမှာရှိနေဖို့ လိုအပ်ပါတယ်။ သူ့နေရာမှာ အကောင်းဆုံးခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ အာဆင်နယ်အသင်းက ကစားသမားတစ်ယောက်အတွက် ပေါင်သန်း ၅၀ ပေးလောက်တဲ့ အခြေအနေမဟုတ်တာကြောင့် သူ့အနေနဲ့ ပိုပြီး ကြိုးစားပြဖို့လိုပါတယ်” လို့ပြောပါတယ်။

အသက် ၂၃ နှစ်ရှိ ဘမ်ဝှိုက်ဟာ ယူရိုပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး မနှစ်က ရာသီမှာ ဘရိုက်တန်အတွက် ၃၆ ပွဲကစားခဲ့ပါတယ်။

6 months Ago

July 20, 2021

အာဆင်နယ်ထက်မြင့်မားသည့်အသင်းကို ဘမ်ဝှိုက် ရွေးချယ်သင့်ဟု ဒမ်နီမေးလ် သုံးသပ်

ဘရိုက်တန်နောက်ခံလူ ဘမ်ဝှိုက်အနေနဲ့ အာဆင်နယ်အသင်းထက် ပိုမိုမြင့်မားတဲ့အသင်းကို ရွေးချယ်သင့်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဒယ်နီနေးလ်က ပြောပါတယ်။ 

အသက်၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘမ်ဝှိုက်ဟာ အာဆင်နယ်ကို ပေါင်သန်း ၅ဝ နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး မကြာခင်မှာ တရားဝင်စာချုပ်ချုပ်ဆိုဖို့ရှိတာပါ။

အင်္ဂလန်နောက်ခံလူဟောင်း ဒမ်နီမေးလ်ကတော့ ဘမ်ဝှိုက်ဟာ အာဆင်နယ်အတွက် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်ပေမယ့် ကစားသမားအတွက်တော့ ဆုဖလားတွေ ရယူနိုင်ဖို့ခက်တယ်လို့ သုံးသပ်ခဲ့တာပါ။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်း ရီးရဲလ်မက်ဒရစ်က ဗာရန်းကို ခေါ်ယူမယ့်အစား ဘမ်ဝှိုက်ကို ခေါ်ယူသင့်ကြောင်း ဒမ်နီမေးလ်က ပြောပါတယ်။ 

“ဘမ်ဝှိုက်အနေနဲ့ ပိုမြင့်မားတဲ့အသင်းကို ပြောင်းရွှေ့ကစားသင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆုဖလားတွေရဖို့ အခွင့်အရေးများစွာရှိပါတယ်။ အာဆင်နယ်မှာတော့ သူ ဘာတွေရနိုင်လို့လဲ။ လိဂ် ရှုံးထွက်ဖလားလား၊ သူ ကံကောင်းရင် ရနိုင်ပါတယ်။ ဒါမှမဟုတ် အက်ဖ်အေဖလားလည်း ဖြစ်နိုင်ပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ဗဟိုခံစစ်မှူးရှာနေတဲ့ မန်ချက်စတာယူနိုက်တက်က ဘာလို့မခေါ်တာလဲဆိုတာကလည်း အံ့အားသင့်စရာပါပဲ” လို့ ဒမ်နီမေးလ်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။

6 months Ago
Up