ဘန်ယက်ဒါ
August 15, 2019
ဆီဗီလာတိုက်စစ်မှူး ဘန်ယက်ဒါကို မိုနာကို ခေါ်ယူ
ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ ဆီဗီလာတိုက်စစ်မှူး ဘန်ယက်ဒါကို ပေါင် ၃၇ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘန်ယက်ဒါဟာ ဆီဗီလာအသင်းနဲ့ သုံးရာသီ ကာလအတွင်းသွင်းဂိုး ၇၀ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မိုနာကိုအသင်းဟာ ဆီဗီလာအသင်းကို ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ယက်ဒါကို ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပေါ်တူဂီကွင်းလယ်လူ ရိုနီလိုပတ်ကို အလိုက်သဘော အနေနဲ့ ပြန်လည်ပြောင်းရွှေ့ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။ မိုနာကိုအသင်းဆီ ပြောင်းရွှေ့လာတာက အသင်းရဲ့ စီမံကိန်းကို သဘောကျလို့ဖြစ်ပြီး ဖြစ်နိုင်သမျှအရာအားလုံး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဘန်ယက်ဒါက ပြောသွားခဲ့ပါတယ်။
2 years Ago
Up