ဘန်ကောက်ရိုက်ကူးရေး

A d v e r t i s e m e n t With Us

March 25, 2020

ဘန်ကောက်ရိုက်ကူးရေးကအပြန် နေအိမ်တွင် Self-Quarantine လုပ်နေကြသည့် Project K အဖွဲ့

ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ နာမည်ကြီး မြန်မာကေပေါ့ပ်အကအဖွဲ့ Project K ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရိုက်ကူးရေးက ပြန်လာအပြီး ရန်ကုန်မှာ သူတို့ကိုယ်တိုင် နေအိမ်မှာ ၁၄ ရက် Self-Quarantine အသွားအလာကန့်သတ်လုပ်နေကြတယ်လို့ သိရပါတယ်။        မတ်လ ၂၃ ရက်နေ့ညပိုင်းက သူတို့အဖွဲ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်မှာပေါ်မှာတော့ ခုလိုဖော်ပြထားတာပါ။        “ကျွန်တော်တို့ Project K အဖွဲ့ Bangkok မှာရိုက်ကူးရေးတွေပြီးလို့ အခု မြန်မာပြည်ကို ဘေးကင်းစွာနဲ့ပြန်ရောက်နေပါပြီ... သို့ပေမဲ့ ပိုပြီး စိတ်ချရအောင် ကျွန်တော်တို့ ဟာ ကျွန်တော်တို့ self-quarantine လုပ်သွားမှာပါ”        လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူး နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့ အတူ နာမည်ကြီးလာခဲ့တာပါ။ လက်ရှိမှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။        နေအိမ်မှာ Self-Quarantine လုပ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ တို့က ခုလိုဖော်ပြထားခဲ့ပါသေးတယ်။ “ဒီလိုလုပ်ရခြင်းဟာ (၁) ကျွန်တော်တို့မှာသာ ပိုးပါခဲ့ရင် အသက်အရွယ်ရနေပြီဖြစ်တဲ့ ကျွန်တော်တို့ မိဘတွေက အရင်ဦးဆုံးကူးစက်ခံရမှာပါ။ (၂) အဲ့နောက်မှာတော့ ကျွန်တော်တို့နဲ့ နီးစပ်ရာပတ်ဝန်းကျင်ကနေတစ်ဆင့် တစ်နိုင်ငံလုံး ကူးစက်သွားနိုင်ပါတယ်။ (၃) အဆိုးရွားဆုံးက ကိုယ့်ကြောင့်ကိုယ့်ဟာကိုယ်ဒုက္ခရောက်တာဘာမှမဖြစ်ပေမဲ့ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့မိသားစုနဲ့ တိုင်းသူပြည်သားတွေဒုက္ခရောက်ရတယ်ဆိုရင် သေသည့်တိုင်အောင် စိတ်ဖြောင့်မှာမဟုတ်လို့ပါ ကျွန်တော်တို့လိုပဲ ပြည်ပက ပြန်လာကြတဲ့သူတွေအားလုံးလဲ လိုက်နာဆောင်ရွက်စေချင်ပါတယ်ဗျ”        လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၃ ဦးရှိပြီး စောင့်ကြည်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ဦး ရှိနေပါတယ်။ 
11 months Ago
Up