ဘန်ကောက်နေရာ ၉ ခု

September 6, 2021

ဘန်ကောက်နေရာ ၉ ခုတွင် အများပြည်သူ ကိုဗစ်-၁၉ အခမဲ့စစ်ဆေးနိုင်

ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အများပြည်သူ ရောဂါရှိမရှိ စစ်ဆေးနိုင်မယ့် နေရာ ၉ ခုကို ဩဂုတ် ၅ ရက်မှာ စတင်လိုက် ပြီဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်မှာ နေထိုင်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးလို တယ်ဆိုရင် မှတ်ပုံတင်မိတ္တူ ၂ စောင်၊ အများနဲ့ မျှဝေသုံးစွဲမှုက ရှောင်ရှားနိုင်ဖို့ ဘောပင် လ်တချောင်းသာ ယူဆောင်လာဖို့ လိုအပ်တယ်လို့ ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေး အဖွဲ့က ဆိုပါတယ်။

စစ်ဆေးမှုဟာ အချိန်မိနစ် ၃၀ ကြာမြင့်မှာဖြစ်ပြီး Antigen Test Kit ကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စမ်းသပ်စစ်ဆေးနိုင်တဲ့ နေရာတွေကိုတော့ နေ့စဉ်လက်ခံစစ်ဆေးနိုင်မယ့် လူဦးရေ ပမာဏအလိုက် အောက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁၃,၀၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း သန်းချီ ကူးစက်မှုအမြင့်ဆုံး ထိပ်တန်းနိုင်ငံတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

3 months Ago
Up