ဘန်းနွိုက်

A d v e r t i s e m e n t With Us

October 12, 2015

ဂျပန်အိုးပန်း တင်းနစ်ဗိုလ်လုပွဲတွင် ဝေါ်ဝင်ကာ ချန်ပီယံဆုရယူ

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ အောက်တိုဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဂျပန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဝေါ်ဝင်ကာက ဘန်းနွိုက်ကို ၂ ပွဲပြတ်နဲ့နိုင်ပြီး ချန်ပီယံဆုကို ရယူသွားပါတယ်။ အခုပွဲစဉ်ကို မိုးရွာမှာ စိုးရိမ်တဲ့အတွက် ကွင်းခေါင်မိုးကို ပိတ်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပွဲစတာနဲ့ ဝေါ်ဝင်ကာပဲ ထိန်းချုပ် ယှဉ်ပြိုင်သွားပြီး ပထမပွဲကို ၆ - ၂ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာတော့ အသက် ၃၀ အရွယ် ဆွစ်ဇာလန်နိုင်ငံသား ဝေါ်ဝင်ကာဟာ ပြိုင်ဘက် ပြင်သစ်နိုင်ငံသား ဘန်းနွိုက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။ ဝေါ်ဝင်ကာဟာ ဒီနှစ်ထဲမှာ ပြင်သစ်အိုးပန်း ဂရန်းစလန်း ချန်ပီယံဆုကို ရရှိထားပါတယ်။ ဒုတိယပွဲမှာလည်း ၆ - ၄ နဲ့ အနိုင်ယူပြီး ဒီနှစ်အတွက် ၄ ကြိမ်မြောက်ဖြစ်တဲ့ ဂျပန်အိုးပန်း ချန်ပီယံဆုကို ရရှိသွားတာပါ။ အခု ချန်ပီယံဆုဟာ ဝေါ်ဝင်ကာအတွက် ကစားသမား သက်တမ်းအတွင်းမှာ ၁၁ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
5 years Ago
Up