ဘန်လေ (ရုပ်သံဟိုက်လိုက်)

September 17, 2017

ပရီးမီးယားလိဂ် လီဗာပူး ၁-၁ ဘန်လေ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးနဲ့ ဘန်လေတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် လီဗာပူးအသင်းမှာ ကွင်းလယ်သမား ကော်တင်ဟို ပွဲအစကတည်းက ပြန်ပါလာပေမယ့် တိုက်စစ်မှူး မာနေးကတော့ ပွဲပယ်ခံထားရပါတယ်။ ပွဲကစားချိန် ၂၇ မိနစ်မှာ အာဖီးက ဘန်လေအတွက် ဦးဆောင်ဂိုး သွင်းယူပါတယ်။ လီဗာပူးအတွက် ချေပဂိုးကိုတော့ မိနစ် ၃၀ မှာ ဆာလက်က သွင်းယူပါတယ်။ ဒီပွဲမှာ လီဗာပူးကပဲ တဖက်သတ် ဖိအးပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၃၅ ကြိမ်အထိ ရခဲ့ပါတယ်။ ဘန်လေအသင်းက လီဗာပူး တိုက်စစ်ကို အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ လီဗာပူး နည်းပြ ဂျာဂန် ကလော့ကတော့ အသင်းရဲ့ ကစားပုံ ကောင်းပေမယ့် ရလဒ်အပေါ်မှာတော့ ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ ဒီပွဲမှာ လီဗာပူး ကစားသမား ဆာလက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲသရေကျလို့ လီဗာပူးက ၈ မှတ်နဲ့ အဆင့် ၈ မှာ ရှိနေပြီး ဘန်လေကလည်း ၈ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up