ဘန်လေနှင့်သရေကျခဲ့သည့်

February 4, 2018

ဘန်လေနှင့်သရေကျခဲ့သည့် မန်စီးတီး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးတို့ ၁ ဖက် ၁ ဂိုး စီနဲ့ သရေကျသွားပါတယ်။ ပထမပိုင်း ၂၂ မိနစ် မှာ ဧည့်သည်မန်စီးတီးက ဒန်နီလိုရဲ့ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စတာလင် အဆုံးသတ်ဂိုးတွေ လွဲချော်ခဲ့မှုကြောင့်လည်း မန်စီးတီးအသင်း ဂိုးတွေ ထပ်မရခဲ့တာပါ။ ဒုတိယ ပိုင်း ၈၂ မိနစ် မှာတော့ ဘန်လေရဲ့ နောက်ကျချေပဂိုးနဲ့အတူ တစ်မှတ်စီခွဲယူသွားကြပါတယ်။ ခြေစွာနေတဲ့ မန်စီးတီး အသင်းဟာ အခုပွဲမှာလည်း ဘောလုံး ပိုင်ဆိုင်မှု ၇၁ ရာခိုင်နှန်းနဲ့ အိမ်ရှင်အသင်းကို ဖိအားပေးကစားသွားခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အသင်းတွေကို  ၄ ပွဲ စာလောက် အမှတ်ဖြတ်ထားပြီး ဦးဆောင်ထားနိုင်သလို လိဂ်ဖလားမှာလည်း နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ထားနိုင်ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်၊ ချန်ပီယံလိဂ်မှာ ရှုံးထွက် ၁၆ သင်းအဆင့် တက်ရောက်ထားတဲ့အတွက် ဖလားလေးလုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ ဒုတိယမြောက်ရာသီမှာ အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကို ဟန်ချက်ညီ ထိန်းကျောင်းနိုင်မှုတွေကြောင့်လည်း မန်စီးတီးအသင်း အောင်ပွဲတွေ ဆင်မြန်းနေနိုင်တာပါ။
4 years Ago
Up