ဘန်လေနောက်ခံ

April 2, 2017

ဘန်လေနောက်ခံ မိုက်ကယ်ကိန်းကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား

မန်ယူအသင်းဟာ အင်္ဂလန်လက်ရွေးစင်ဖြစ်လာတဲ့ ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို ခေါ်ယူဖို့   စိတ်ဝင်စားနေပါတယ်။ အသက် ၂၄ နှစ်ရှိ မိုက်ကယ်ကိန်းဟာ မန်ယူအကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဘန်လေအသင်းဆီ ပေါင် ၂.၅ သန်းနဲ့ ပြောင်းရွှေ့သွားတာပါ။ လက်ရှိအချိန်မှာတော့ ဘန်လေအသင်းခံစစ်မှာ အဓိကကစားသမားဖြစ်လာတဲ့ မိုက်ကယ်ကိန်းကို မန်ယူအသင်းက ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဘန်လေအသင်းအနေနဲ့ မိုက်ကယ်ကိန်းအတွက် ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်း လောက်ရမှာ ရောင်းချဖို့ ဆွေးနွေးသွားမယ်လို့လည်း သတင်းထွက် နေပါတယ်။ မိုက်ကယ်ကိန်းဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မန်ယူလူငယ်အသင်းမှာ ကစားခဲ့ပြီ အသင်းကြီးအတွက် တစ်ပွဲပဲ ကစားခဲ့ဖူးပါတယ်။ မိုက်ကယ်ကိန်းဟာ မတ်လ ၂၂ ရက်က ကစားခဲ့တဲ့  ဂျာမနီနဲ့ ခြေစမ်းပွဲမှာ မိနစ် ၉၀ လုံး ပွဲထွက်ကစားခဲ့ပြီး အင်္ဂလန်အသင်းမှာ ထွန်းတောက်လာမယ့် နောက်ခံလူတစ်ဦးအနေဖြင့် သတ် မှတ်ထံထားရပါတယ်။
5 years Ago
Up