ဘန်လေတိုက်စစ်မှူး အန်ဒရီဂရေးကို ဝတ်ဖို့ဒ်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်ကစားသမား ဂရေးဟာ ပြီးခဲ့တဲ့နှစ်က ဘန်လေအသင်းအတွက် ၁၀ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့သူပါ။
ဘန်လေနဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့တဲ့အတွက် အသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တာကြောင့် ဘန်လေအသင်းက ရောင်းချလိုက်တာပါ။
ဝတ်ဖို့ဒ်အသင်းအနေနဲ့ အန်ဒရီဂရေးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၈ ဒသမ ၅ သန်း ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
5 years Ago