ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ လက်ကျန်ပွဲအဖြစ် ၀က်စ်ဘရွန်းနဲ့ ဘန်လေတို့ နိုဝင်ဘာ ၂၁ ရက်ညက ယှဉ်ပြိုင်ရာ ၀က်စ်ဘရွန်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဝက်စ်ဘရွန်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲစဉ်မှာ ဘန်လေက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းမှာတော့ ၀က်စ်ဘရွန်းက အပြတ်အသတ် အသာစီးရခဲ့ရပါတယ်။
ဝက်စ်ဘရွန်းအတွက် အနိုင်ဂိုးတွေကို ပွဲအစ ၄ မိနစ်မှာပဲ မက်သရူးဖိလစ်၊ ၁၆ မိနစ်မှာ ဂျိမ်းစ်မော်ရစ်ဆင်၊ ၃၇ မိနစ်မှာ ဒါရင်းဖလက်ချာနဲ့ ၆၄ မိနစ်မှာ ဂျို့စ် ဆော်လမွန် ရွန်ဒွန်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်အနိုင်ရတဲ့ ၀က်စ်ဘရွန်းအသင်းဟာ အမှတ်ပေးဇယား အဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဘန်လေကတော့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
6 years Ago