ဘန်လေကို ၂ ဂိုး ၁ ဂိုးဖြင့် လီဗာပူး အနိုင်ယူ

March 13, 2017

ဘန်လေကို ၂ ဂိုး ၁ ဂိုးဖြင့် လီဗာပူး အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မတ် ၁၂ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက နောက်ကနေ လိုက်ကစားပြီးမှ ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘန်လေအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာပဲ ဘာနက်စ်က သွင်းယူပြီး လီဗာပူးအသင်းအတွက် ချေပဂိုးကို ပထမပိုင်းပြီးကာနီးမှာ ဝီနယ်ဒန်က သွင်းယူပါတယ်။ ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့်လည်း ဘန်လေက အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ဒုတိယဂိုးကို ၆၁ မိနစ်မှာ အမ်မရီကန်က သွင်းယူပါတယ်။ ဘန်လေအသင်းရဲ့ ခပ်မာမာ တုံ့ပြန်ကစားပုံကြောင့် ဒီပွဲမှာ လီဗာပူးအသင်း စိတ်တိုင်းကျ မကစားနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဘန်လေကစားသမား ဘာနက်စ် ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၅၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဘန်လေက ၃၁ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up