ဘန်ကောက် ကျောက်ဖရားမြစ်အနီး ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား

August 18, 2015

ဘန်ကောက် ကျောက်ဖရားမြစ်အနီး ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စသွန် တံတားမှာ ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ မှာ လက်ပစ်ဗုန်းပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ တံတားအနီး ကားရပ်နားနေရာတခုမှာ လက်ပစ်ဗုန်းကို တစုံတယောက်က ပစ်လိုက်တာဖြစ်ပြီး တံတားအောက် ရေထဲမှာ ပေါက်ကွဲသွားတာပါ။ အနီးပတ်ဝန်းကျင်မှာ လူတွေရှိပေမယ့် လူတိုက်ခိုက်သေဆုံးမှု၊ ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စတောမ်တံတားနဲ့ စဖန်သက်ဆင် Saphan Taksin မြို့ပတ်ရထားဘူတာရုံကို သွားတဲ့လမ်းကို ရဲလုံခြုံရေးတွေက ပိတ်လိုက်ပါတယ်။ စသွန်တံတားဟာ ကျောက်ဖရားမြစ်တွင်းသွား စက်လှေဆိပ်ဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားသွားရောက်တဲ့ နေရာတခုဖြစ်ပါတယ်။ တံတားဟာ ကျောက်ဖရားမြစ်တွင်းသွား စက်လှေတွေရဲ့ လှေဆိပ်ဖြစ်ပြီး တရုတ်ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်းကားတဲ့နေရာတခု ဖြစ်ပါတယ်။ ရုပ်သံ - ဘန်ကောက်ပို့စ်
6 years Ago
Up